.




ဒီနေ့ တော့ Black & White (အဖြူအမဲ )ဲ အကြောင်းလေး သိသလောက်ဆွေးနွေးသွားပါ့မယ်..။ဖိုတိုရှော့မှာ အဖြူအမဲလုပ်ဖို့ နည်းတွေ အများကြီးရှိပါတယ်..။သို့သော် အမြင်ချင်း တူကြပေမယ့်..ရှု့ထောင့်ခြင်း လွဲသလိုပေါ့..။ခု ကျွန်တော် သိသလောက် မျှဝေပါ့မယ်..။


ပထမ ဆုံး ထုံးစံ အတိုင်း File>> Open (Ctrl +O) ကို နေ မိမိ အသုံးပြုမယ့် ပုံကိုဆွဲယူလိုက်ပါမယ်..။ကျွန်တော် အသုံးပြုခဲ့ တဲ့ ပုံက ဒီနေရာမှာ တင်ပေးထားပါတယ်..။

ကျွန်တော် တို့ အသုံးပြုမယ့် ပုံကို ဆွဲထည့်ပြီးသွားပြီဆိုရင်..။ Window >> Channels ကို ရွေးလိုက်ပါမယ်..။Channels အောက်မှာ RGB ,Red,Green,Blue ဆိုပြီး လေးခု ရှိတဲ့ အနက် မှ Red ကိုရွေးလိုက်ပါ..။

ထို့နောက် မှာတော့ Channels ဘေးမှ တြိဂံ ပုံလေး ကို နှိပ်ပီး Split Channels ကို ရွေးလိုက်ပါ...သဘောပေါက်လွယ်အောင် အမှတ်စဉ်လေး နဲ့ ပြထားပေးပါတယ်..။

၎င်း ကို ရွေးချယ်ပြီးတဲ့နောက်မှာ အလင်းအမှောင် Level မတူတဲ့ ပုံ(၃) ပုံထွက်လာပါ့မယ်..။အမှတ်စဉ်နဲ့ ပြထားပါတယ်..။


ထိုနံပါတ်စဉ် (1,2,3) ထဲ ကနေပြီးမှ ကျွန်တော် တို့ က (1) ကိုပဲ ယူပါ့မယ် ကျန်တာ ကို ပိတ်လိုက်ပါ..။(1) ကိုယူပြီးသွားပြီဆို Layer>>New>> Layer via copy (Ctrl +J) ကို သွားလိုက်ပါ..၎င်း Layer ကို sky လို့ rename ပေးလိုက်ပါ.။ဆက်ပြီး ကျွန်တော်တို့  Polygonal Losso Tool ကိုရွေးပီး မှောင်ချင်တဲ့ ကောင်းကင် ဧရိယာ ကို ရွေးလိုက်ပါမယ်..။

ရွေး ချယ်ပြီးသွားပြီဆိုရင် Del Key ကို နှိပ်လိုက်ပါ..။ထို့နောက်.. Background Layer ကို Layer>> Duplicate Layer လုပ်လိုက်ပါ..။ Blending Mode ကို Mutiply ပေးလိုက်ပါ..။ ဆက်၍ sky Layer ကို Layer>> Duplicate Layer ထပ် လုပ်လိုက်ပါ..။ Blending Mode
ကို Screen ပေးလိုက်ပါ..။ဒါဆိုရင် အောက်ပါအတိုင်း Black & white ပုံလေး ရသွားခဲ့ပါပီ..။


စာဖတ်သူ အားလုံး ဖိုတိုရှော့ ဖြင့် ကြည်နူး မှု့ ဖန်တီး ယူနိုင်ကျပါစေ..။အဆင်မပြေမှု့များ ရှိရင်လဲ ပြောခဲ့ကြပါ..။

1 comments:

Anonymous said...

Coin Casino – Play Free Casino Games & Get a No Deposit
Play at Coin Casino – Free Casino Games & Get a No Deposit Bonus If you 제왕카지노 like to play casino games, 바카라 and enjoy playing for fun and prizes then 인카지노 you can find the

{ အရာတော်မြေသို့ ရောက်ရှိလာသော သတ္တ၀ါ အပေါင်း ကျန်းမာ ချမ်းသာ ကြပါစေ } :P