.
ကျောင်း က တစ်ဖက် နဲ့ မို့ ဖိုတိုရှော့ ပိုင်း ကိုစိတ်ဝင်စားပေမယ့် ထင်သလောက် ပို့စ် တွေ မတင်နိုင်တာ နားလည်ပေးကြပါ..။ခု နဲနဲလေး အားနာ နဲ့ ... အထက်ပါပုံလေး ဖိုတိုရှော့ မှာ ဘယ်လို ဖန်တီး တယ် ဆိုတာ ပြောပြချင်ပါတယ်..။၎င်းပုံလေး ဖန်တီးဖို့ သစ်သား ပုံလေး နှစ် ခု လိုပါတယ်..။ တစ်ခု က နောက်ခံ ဘဒ်ဂရောင်း အတွက် တစ်ခု က ဒီဇိုင်း ဖန်တီး ဖို့ အတွက်ပါ..။ ကျွန်တော် တို့ လိုချင်တာ တောင်းနေကျ ဂိုဂယ် ကိုပဲ ပြေးရှာလိုက်ပါတယ်..။ပထမဆုံး နောက်ခံ ဘဒ်ဂရောင်း..အတွက် ဒီပုံနဲ့ပဲ စမ်းကြည့်ချင်တယ်ဆိုရင် ဒီနေရာမှာ ရနိုင်ပါတယ်..။ဒုတိယ ဒီဇိုင်း လုပ်ဖို့ သစ်သား ကတော့ ဒီနေရာမှာ ပါ..။.။
ကဲ ကိရိယာ တွေ စုံလင်ပီဆိုရင်..ကျွန်တော် တို့ စ ဖန်တီးကြရအောင်..။ ပထမ ဆုံး ဘဒ်ဂရောင်း ပုံကို ဖိုတို ရှော့ ပရိုဂရမ် ထဲ ဆွဲထည့်လိုက်ပါမယ်..။ဆွဲထည့်လိုက် သော ပုံကို အလင်းအမှောင် သိပ်စိတ်တိုင်းမကျ၍..Burn Tool (Brush: 200 px, Range: Midtones, Exposure: 30%) နဲ့ အနည်း ငယ် လိုက် ပြင်လိုက်ပါတယ်..။
ထို့ နောက်..ဒုတိယ ဒီဇိုင်း လုပ်မယ့် သစ်သားပုံ ကို ဆွဲထည့်လိုက်ပါတယ်..။ ထိုနေရာ မှာ သစ်သား အကွဲကြောင်းတွေ က ဒေါင်လိုက်ဖြစ်နေတော့ နောက်ခံ ဘဒ်ဂရောင်း ခံထားတဲ့ သစ်သားနဲ့ ဆန့်ကျင့်ဘက် ဖြစ်နေပါတယ်..။ဒါကြောင့်.. လိုက်လျော ညီထွေ မှု့ ရှိအောင် Edit > Transform > Rotate 90 CW ကနေ အလျား လိုက်လေး ဖြစ်သွားအောင် လှည့်လိုက်ပါတယ်..။အောက်မှာ မြင်ရတဲ့အတိုင်းလေးပါ..။
ကဲ ကျွန်တော်တို့ ဆွဲထည့်လိုက်တဲ့ ဒီဇိုင်း လုပ်မယ့် သစ်သား ကိုတော့ လိုက်လျော ညီထွေ မှု့ရှိအောင် လှည့်ပြီးသွားပါပီ..။ အရောင်က အရမ်းတောက်နေတော့ သူကို Image > Adjustments > Hue/Saturation က နေ အရောင် ကို အနည်းငယ် မှိန်စေလိုက်ပါမယ်..။
အောက်မှာ ကြည့်ုလိုက်ပါ..။ယ္ခင် က ထက် အရောင် လိုက်လျော ညီထွေ မှု့ ရှိလာတဲ့ ပုံလေး ကို တွေ့ပါလိမ့်မယ်..။
ကဲ..နောက်တစ်ဆင့်ကို ဆက်သွားကြရအောင်.. အားလုံး သစ်သား အရောင်တွေ ညှိယူပီး ပီဆိုတော့ ကျွန်တော် တို့ ဒီဇိုင်းပုံလေး လုပ်ဖို့ ကျန်ပါသေးတယ်...။၎င်း ကို ဖန်တီး ဖို့အတွက် Custom Shape Tool ကိုရွေးပီး.. shape ဆိုတဲ့ ဘေးနားက တြိဂံလေး ကို ဆွဲချ၍ ကျွန်တော် ကတော့ Floral ornament ကိုရွေးလိုက်ပါတယ်..။
ရွေးချယ်ပီးသွားပီ ဆိုရင် ခုန ဒီဇိုင်းလုပ်မယ့် သစ်သားပေါ်မှာ ဆွဲလိုက်ပါ..။ရှင်းလင်းမှု့ မရှိလျှင် အောက်က ပုံကိုကြည့်ပါ..။
ထို့နောက် Layers များ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ shape 1 ဆိုတဲ့ name နဲ့ layer တစ်ခု ကျလာပါလိမ့်မယ်.။၎င်း layer ရှိ ကနုတ် ပုံ ကို Ctrl + L-Click စုံတွဲ ၍ နှိပ်ပေးပါက
Selection လုပ်ထား တဲ့ ပုံသဏ္ဍာန် လေး ပေါ်နေပါလိမ့်မယ်.. Del key နှိပ်ပြီး ဖျက်ပေးပါ.။
အောက်က ပုံလေး အတိုင်း ဖြစ်သွားပါလိမ့်မယ်..။
ထို့နောက် Ctrl +Shift +J ကိုပေါင်း နှိပ်လိုက်ပါ..(Selection ကို Copy ကူးလိုက်ခြင်းဖြစ်ပါတယ်..။) Copy ကူးလိုက်တဲ့ Layer ကို စိတ်ကြိုက်နာမည်တစ်ခု ပေးလိုက်ပါ.(ဥပမာ - sitmin)..။sitmin layer အောက် က Layer ကို remove ပေးလိုက်ပါ.(အသုံးမလိုတော့ပါဘူး)..။ ထို့နောက် Blending Options ကိုသွားပြီး Drop shadow , Inner Glow,Bevel and Emboss တွေ ကို Apply လုပ်ပါမယ်..။ ရှင်းသွားအောင် အောက်ကပုံလေးတွေ ကိုကြည့်လိုက်ပါ..။
အားလုံး စိတ်ကျပြုပြင်ပီးတဲ့ နောက်မှာ အောက်ပါပုံလေး အတိုင်း ရလဒ် ကို မြင်နိုင်မှာပါ.။
ဒီအထိ ရောက်လာပြီ ဆို ရင် နောက်တစ်ဆင့်Select > Load Selectionဆက်သွားပါမယ်..။ box တစ်ခု ကျလာရင် Ok ပေးလိုက်ပါ..။
ပုံမှာ Selection ပြေးနေတာ ကိုတွေ့ရပါလိမ့်မယ်..။ ထို့နောက် Select > Modify > Expand ကိုသွားပါ Expand by ကို 7 pix ထားပီး Ok ပေးလိုက်ပါ ..အောက်ပါ ပုံအတိုင်း မြင်ရပါလိမ့်မယ်..။
ထို့နောက် new layer (Ctrl+Shift+N ) တစ်ခု ခေါ်ပြီး အဖြူရောင် ဖြည့်လိုက်ပါ..။ ထိုဖြည့်လိုက်သော Layer ကို sitmin layer အောက်ကို ထားလိုက်ပါ..။ ထို ကဲ့ သို ဖြစ်လာသော ရလဒ် ကို မြင်ရပါမယ်..။
ထို့နောက် Select > Deselect (Ctrl +D ) ကိုနှိပ်ပေး၍ Change layer move ကို overlay ပြောင်းပေးပါ..။ထို့နောက် Blending Options ကိုသွား ၍ Inner Glow, Bevel and Emboss ကိုသွား၍ ထပ်မံ apply လုပ်ပါမယ်..။
တဖြည်းဖြည်း ပြောင်းလဲလာတဲ့ ရလာဒ်လေး ကို အောက်ကပုံမှာ မြင်နိုင်ပါတယ်..။
ကဲ..ကောင်းပါပြီ..။ ထို့နောက် dodge-work လေး အနည်းငယ် ထပ်လုပ်ပါမယ်..။Dodge Tool (Brush: 100 px, Range: Midtones, Exposure: 50%) ကို ရွေး ပြီး dodge-work လေး အနည်းငယ်လုပ်လိုက်ပါ..။
ထို့နောက် Eraser Tool ကိုရွေးပြီး ဖျက်မယ့် နေရာမှာ R-Click ထောက်၍ Spatter 46 pix brush ကိုရွေးပေးပါ..။
အဲ့ဒီမှာ eraser opacity ကို 5% ထားပြီး အနည်းငယ် သန့်ရှင်းရေး လုပ်လိုက်ပါ..။
ကျွန်တော် တို့ ရဲ့ ဖန်တီးမှု့လေး အောင်မြင်ကြည်နှုးဖွယ် ပြီးဆုံးသွားခဲ့ပါပီ..အောက်မှာ ကြည်ပါအုံး..။
၎င်း ထက်သာလွန်သော ဖန်တီးမှု့များ ဖန်တီးနိုင်၍ ဖိုတိုရှော့ ဖြင့် စိတ်ကျေနပ်မှု့ရယူနိုင်ပါစေ..။အဆင်မပြေမှု့များ ရှိရင်လဲ ပြောခဲ့ကြပါအုံး..။
Subscribe to:
Post Comments (Atom)
1 comments:
ကိုအရာတော်သား ခင်ဗျ ဖိုတိုရှော့က သားသားတို့ကလေ 7 ပဲ သုံးနေရတာဆိုတော့လေ
ဆော့ဖ်ဝဲ ဗားရှင်းအသစ်လေး လဲ တင်ပေးဦးလေ...။
ဒါမှ စိတ်တိုင်းကျမှာပေါ့ ...ဟဲဟဲဟဲဟဲ
Post a Comment