.




ဒီတစ်ခါတော့ Magic Light Effect အကြောင်းလေး မျှဝေ ဆွေးနွေးချင်ပါတယ်..။ကြားထဲမှာ တစ်ခုလောက်တော့ ပြောပါရစေ..။ကျွန်တော်ပိုစ် တွေရေးတာကဖိုတိုရှော့ကို စိတ်ဝင်စားလို့ ကတစ်ကြောင်း ၊အင်တာနက် စာဖတ် သူ(ဖိုတိုရှော့ စိတ်ဝင်စားသူ) နဲ့ ဆွေးနွေးတိုင်ပင် ပညာ ယူချင်တာပါ..။ကျွန်တော် အရင်က ဖိုတိုရှော့ ကို မသင်ခဲ့ဘူးပါဘူး..။အင်တာနက်ပေါ်ကပဲ ဘလော့ဂါ အကိုတွေ(အနီးစပ်ဆုံး။ ။ကိုဟန်သစ်ငြိမ် ၊ ကိုဧရာမြေ ၊ ကိုမင်းကိုထွေး ၊ ကိုသူရိန် ၊ ကိုသံလုံငယ်.၊....များကြီးပေါ့ :D ) ရဲ့သွန်သင်မှု့ ကြောင့် ခုလိုနည်းနည်းလေး လုပ်တတ်နေတာပါ..။ကျွန်တော် ဆရာကြီးဟုတ်ပါဘူး..။ ၀င်ဆွေးနွေးပေးကြဖို့ ဖိတ်ခေါ်ပါရစေ :)..။ :D လျှာရှည်နေတာနဲ့ ပိုစ် ရေးဖို့မေ့နေတယ်..ကဲ ဆွေးနွေးမှု့လေး စလိုက်ကြရအောင် :)


ထုံးစံ အတိုင်း ကျွန်တော် တို့ ပုံကို File > Open (Ctrl +O ) နဲ့ ဖွင့်လိုက်ပါတယ်..။ကျွန်တော် သုံးလိုက်တဲ့ ပုံက ဒီမှာ ပါ..။

ထို့နောက် ပုံကို ပိုမှောင်သွားအောင် အရင် လုပ်ပါမယ်..။ကျွန်တော် တို့ Layers အောက် ခြေက Adjustments (အဖြူအမဲ စက်ဝိုင်းပုံ) ကို R-Click ထောက်ပြီး Level ကို ရွေးလိုက်ပါ…အောက်ပါ အတိုင်း Setting ကိုထားသော အခါ ရလာဒ် က ဒီလိုဖြစ်လာပါတယ်..။

ထို့နောက် Layer>>New Fill Layer >> Solid Color ကိုသွားပါမယ်..။ ကျလာတဲ့ box မှာ Name ကို New Fill 1 ၊ Color =None ၊ Mode = Normal ထားပြီး Ok ပေးလိုက်ပါ..။ထို့နောက် Pick a solid box ကျလာပါလိမ်မယ် Color ကို (#eadd0f) ရွေးပြီး Ok ပေးလိုက်ပါ..။ထို့နောက် Overlay ပေးပြီး opacity ကို 60 % ထားလိုက်ပါ..။


နောက်တစ်ဆင့်အနေနဲ့ ကျွန်တော်တို့  မူလ Foreground & Background (အဖြူ၊ အမဲ) ကိုပြန်ရွေးလိုက်ပါ....၎င်းနောက် Gradian Tool ကို ရွေး၊ အပေါ် ဘယ်ဘက်ထောင့်ကGradian Editor Fore ground to Transparent ကိုရွေးပေးပါ..။

ထို့နောက် New Layer(Ctrl+Shift+N) တစ်ခုကို ခေါ်လိုက်ပါ....ခုန က ရွေးထားတဲ့ Gradian Tool နဲ့ အောက်မှာ ပြထားသလိုလေး ဆွဲလိုက်ပါတယ်..။
ထို့နောက် ၎င်း ရဲ့ Blinding Mode ကို Linear Burn ထားပီး Opicity (60% ) ထားလိုက်ပါ..။

ထို့နောက် Background Layer ကိုပြန်ရွေးပြီါ် Ctrl + J နဲ့ ကော်ပီ ကူးလိုက်ပါ..။ဆက်ပြီး Layers အောက် ခြေက Add Layer Mark ကိုနှိပ်လိုက်ပီး Gradain Tool ကိုရွေးလိုက်ပါ..။ထို့နောက် Background (အဖြူ)၊ Foreground(အနက် ) ယူလိုက်ပီး အပေါ် ဘယ်ဘက်ထောင်က Gradian Editor မှာ ပထမဆုံးကိုရွေးလိုက်ပါ..။ထို့နောက် အောက်ဖော်ပြပါအတိုင်းဆွဲလိုက်ပါတယ်..။



ဒီအထိ ရောက်လာပြီဆိုကျွန်တော် တို့ ခုန က Background နဲ့ Layer Mark ကို Link ချိတ်ထားတဲ့ ဆီက background အခြမ်းကို ရွေးလိုက်ပါ..။ ထို့နောက် Filter >> Blur >> Gaussian blur ကိုသွားပြီး Radius ကို 3.0 ပတ်ဝန်းကျင်လောက်ထားလိုက်ပါတယ် (မိမိ စိတ်ကြိုက်ပြောင်းကြည့်ပါ..။)

ထို့နောက် Eyedropper Tool ကိုယူလိုက်ပါ..။ အောက်မှာ ပြထားတဲ့ ပုံအတိုင်း လိုချင်တဲ့ ကာလာ လေး ကိုယူလိုက်ပါတယ်..။

ဆက်ပြီး Select >> Color Range ကိုသွားလိုက်ပြီး အောက်ပါ အတိုင်း ထားလိုက်ပါပြီး Ok ပေးလိုက်ပါတယ်..။

ထို့နောက် New Layer (Ctrl+Shift+N ) တစ်ခု ထပ်ယူလိုက်ပါမယ်.ဒါ new layer (2) ခုမြောက် ပါ.။ ၎င်းနောက် Foreground Color ကို (#e6e305) ယူလိုက်ပါမယ်..။ ထို့မှ တဆင့် Edit >>Fill ယူပြီး USE မှာ Foreground Color ကိုရွေးပြီး Ok ပေးလိုက်ပါ..။ထို့နောက် Select..>Deselect (Ctrl+D) နှိပ်ပေးလိုက်ပါ..။ဆက်ပြီးFilter >>Blur >>Radial Blur ကို Amount (67 ) လောက်ထားပြီး Ok ပေးလိုက်ပါ..။ထို့နောက် Blinding Mode ကို screen ထားလိုက်ပါ..။

နောက်ထပ် New Layer တစ်ခု ထပ်ခေါ်လိုက်ပါအုံး..။ဒါ new layer (3) ခုမြောက် ပါ.။၎င်း နောက် select >> reselect ကိုရွေးလိုက်ပါ..။ထို့မှ တဆင့် Edit >>Fill ယူပြီး USE မှာ White ကိုရွေးပြီး Ok ပေးလိုက်ပါ..။ထို့နောက် Select..>Deselect (Ctrl+D) နှိပ်ပေးလိုက်ပါ..။Filter >>Blur >>Radial Blur ကို ထပ်ရွေးလိုက်ပါ..။ ထို့နောက် Eraser Tool ကို Brush size(700)လောက် ယူပြီး Opasity (100 %) Flow (100%)
နဲ့ အလင်းသိပ်မကျချင်တဲ့ အောက်ခြေ ကို ဖျက်လိုက်ပါတယ်..။ဆက်ပြီး Filter >> Blur >> Gaussain Blur ကို amount 2.2 လောက်ထားလိုက်ပါတယ်.။ထို့နောက် Layer 2 ကိုပြန်ရွေးလိုက်ပြီး Filter >> Blur >> Gaussain Blur ကို amount 1.6 လောက်ထားပြီး Ok ပေးလိုက်ပါတယ်..။ရလာဒ် က ဒီလိုဖြစ်လာပါတယ်..။

မောက်ကို Layer 1 ဆီပြန်ရွေးလိုက်ပါ..။ထို့နောက် ၎င်း အပေါ်မှာ new layer တစ်ခု ကို ထပ်ခေါ်ပါမယ်..။ဒါ new layer (4) ခုမြောက် ပါ..။ထို့နောက် Gradient Tool ကိုရွေး Gradient Editor မှာ အောက်က Setting အတိုင်း ထားလိုက်ပါတယ် ..။


ထို့နောက် ပုံ မှာ ပြထားသလိုလေး ဆွဲလိုက်ပြီး ..။ Blinding Mode ကို Soft Light ထားပီး Opacity ကို (70 % )ထားလိုက်ပါတယ်..။


ထို့နောက် Layer 3 ကို ပြန်ရွေးလိုက်ပါ ၎င်း ပေါ်မှာပဲ ၅ ခုမြောက် new Layer ခ်ါလိုက်ပါအုံး..။(အလကား ရတဲ့ Layer တွေ တန်အောင်သုံး၇မယ် :D )..။ ဆက်ပြီး Polygonal Losso tool ကို ယူလိုက်ပါ..။ထို့နောက် အလင်းရောင် ကျမယ့် ပုံသဏ္ဍာန်လေး ဖန်တီး ပါ့မယ်..။


ထို့နောက် Gradient Tool ကို ယူလိုက်ပါ ထို့နောက် Foreground Color (#e6e305) နဲ့ ဖြည့်လိုက်ပါ..။

ထို့နောက် Filter >> Blur >> Gaussain Blur ကို amount 28.0 လောက် ထားပြီး Ok ပေးလိုက်ပါ..။ ကျွန်တော် တို့သဘာဝ နည်းနည်း လေး ကျအောင်..ဆက်ပြီး ဖန်တီးပါ့မယ်..။ ခု ကျွန်တော် တို့ ပုံမှာ အလင်းဖန်း တီး ထား တဲ့ အလင်းရဲ့ ဆုံမှတ် က ပုံထဲမှာ ပဲ ဖြစ်နေပါတယ်..။ကျွန်တော်တို့ ဖန်တီးထားတာ ရုပ်တိ မဲ့နေတော့ချက်ချင်း သိသွားမှာပေါ့..။(သိတာတော့ သိပါတယ် )မြန်မာ စကားပုံမှာ သိသာသိ မမြင်စေနဲ့ ဆိုတာ ရှိတယ်လေ ..။ဒါကြောင့် ကဲ ဆက်သွား၇အောင် ခုနက Layer1,2,3,4,5 ကို Select လုပ်ပြီး Ctrl+Tဲ့ကိုနှိပ်လိုက်ပါ..။အဲ့မှာ Transform လုပ်ဖို့ပါ ကျွန်တော် တို့ အလင်းဆုံမှတ် ကို အပေါ်. ညာဘက်ထောင့်ထဲနည်းနည်း ထည့်လိုက်ပါမယ်..။ဒါဆို ဘယ်ဘက်ထောင့် တစ်ခြမ်းမှာ နည်းနည်း လွတ်သွားမှာပေါ့..။လွတ်သွားတဲ့နေရာကို အောက် ဘယ်ဘက်ထောင့်က နေဆွဲလိုက် ရင် အဆင်ပြေသွားမှာတော့ သိပီးဖြစ်လောက်မှာပါ....။
ပုံတွေ အရမ်းများနေလို့ အသေးစိတ်တော့ ပုံတွေ မရိုက်တော့ဘူးနော်..။ ရမယ်ထင်ပါတယ်..။ထို့နောက်Layer 5 ကို ရွေးပြီး Blinding Mode ကို Screen ပေးပြီး Opacity (70% ) ထားလိုက်တော့ ဒီလိုလေး ဖြစ်လာပါတယ်..။

အားတင်းထားပီးတော့မယ်နော် .. :D.။ဒီထက် ဟုတ်လာပြီဆို.. နောက်ထပ် ၆ ခုမြောက်သော new layer ကို ထပ်ခေါ်လိုက်ပါအုံး..။အလင်းပွင့်လေးတွေ ဖန်တီးကြအုံးမယ်...။
ထို့နောက် Brush Tool ကိုရွေးလိုက်ပါ ထို့နောက် Brush 49 ကိုရွေးလိုက်ပါတယ်..။ မတွေ့ရင် Brush ကို Reset လုပ်ဖို့ လိုပါမယ်..။
အောက်မှာပြထားသလိုလေး လေ .. :D

ပြီးရင် စိတ်ကြိုက် အလင်းပွင့်လေးတွေ လုပ်လိုက်ပါ..။လုပ်ပြီးသွားရင် Filter >> Blur >> Gaussain Blur ကို amount 1.1 လောက်ထားလိုက်ပါ..။

ဒီထိ ရောက်လာရင် နောက် ထပ် ၇ ခုမြောက် သော new Layer ကိုထပ်ယူလိုက်ပါအုံး..။ဒါက ဆပ်ပြာပူပေါင်းလေးတွေ လုပ်ဖို့ပါ..။ဆပ်ပြာပူဖောင်းလေးတွေ အတွက် Brush မရှိရင် ဒီမှာ တင်ပေးထားပါတယ်..။ ကဲ စိတ်ကြိုက် အကြီးအသေး.၊ အရောင်အသွေးစုံလင်စွာနဲ့ ဆပ်ပြာပူပေါင်းလေးတွေ ဖန်တီးလိုက်ပါ..။ပြီးရင့်Blinding Mode ကို Hard Light ထားပြီး Opacity (60% ) ထားလိုက်ရင် .ဖြင့် ကျွန်တော် တို့ရဲ့  magic Light လေး လှပစွာ ပြီးဆုံးသွားခဲ့ပါပြီ..။
အားလုံးအဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ်..။အဆင်မပြေတာများရှိရင်လဲ ပြောပေးခဲ့ကြပါအုံး..။လင့်ခ် များသေ သွားရင်လဲ ပြောခဲ့ကြပါ..။PSD ဖိုင်လေးပါ ထည့်ပေးလိုက်ပါတယ်..။

PSD File Download MediaFire


0 comments:

{ အရာတော်မြေသို့ ရောက်ရှိလာသော သတ္တ၀ါ အပေါင်း ကျန်းမာ ချမ်းသာ ကြပါစေ } :P