.
အထက်ပါ ခေါင်းစဉ်အတိုင်းပါပဲ.Motion Blur အကြောင်း အသုံးပြု ပုံကိုဒီတစ်ခါ ဝေမျှချင်ပါတယ်(သိသလောက်ပေါ့)..။ဖိုတိုရှော့ လုပ်ရတာ ကလဲ ..ဘယ်နားမှာ ဘာသုံးမလဲ ဆိုတာ ကို..အရမ်းကိုတွေးရသလိုပျော်ဖို့လဲကောင်းပါတယ်..။ကိုယ်လုပ်လိုက်တဲ့ ပုံလေးကိုကြည့်ပြီးပီတိ ဖြစ်ရတာ ကလဲ ပန်းချီဆရာ တစ်ယောက်ရဲ့  ခံစားချက်နဲ့ ထပ်တူနီးပါးပါပဲလို့တော့ ကျွန်တော် ထင်တယ် ..။အကောင်းဆုံးအကြံပေးချင်တာကတော့ ကျွန်တော် လုပ်ထားတာတွေကို လိုက်လုပ်တတ်ပြီး ကျေနပ်မနေဖို့ပါ.. ကျွန်တော် ပို့စ်ရေးတယ်ဆိုတာကလဲ.."ဒါက ဒီလို သုံးလဲရပါလား..!"ဆိုတာ ကို
sense လေး ရသွားစေချင်တာပါ..။အခုမှ စလေ့လာတဲ့သူတွေအတွက် အထောက်အကူဖြစ်စေဖို့ရည်ရွယ်ပါတယ်..။
ကျွန်တော် တို့ပထမဆုံးအနေနဲ့ကတော့ သိထားပီးတဲ့အတိုင်းပဲ..File >> Open ကနေ မိမိ ပြုလုပ်လိုတဲ့ ပုံကို ထည့်လိုက်ပါမယ်..။ကျွန်တော် အသုံးပြုထားတဲ့ ပုံကို ဒီနေရာမှာ တင်ပေးထားပါတယ် မိမိ ကြိုက်နှစ်သက်ရာ.. Tools နဲ့ မိမိ လိုချင်တဲ့ အစိတ်အပိုင်းကိုရွေးချယ်လိုက်..။များသောအားဖြင့်တော့ Polygonal Losso Tool (or) Pen Tool တို့ ကို အသုံးပြုပြီးရွေးချယ်ကြပါတယ်..။ကျွန်တော် တို့ ဒီ လေ့ကျင့်ခန်းမှာတော့ ကား အရှိန်နဲ့မောင်းလာချိန် ရိုက်ထားတဲ့ ပုံသဏ္ဍန် လေး ဖြစ်အောင် လုပ်မှာပါ..။ဒီတော့ ကျွန်တော် တို့အနေ နဲ့ ပတ်ဝန်ကျင် (ကားမှ အပ) အားလုံးကို Motion လုပ်ရမှာပါ..။ဒီနေရာ မှာ ကျွန်တော် ကတော့ ကားကို Motion လုပ်မှာ မဟုတ်တဲ့အတွက် အလွယ်ဆုံး Polygonal Losso Tool နဲ့ ရွေးချယ်ပြီး ကားကို ဖယ်ထားလိုက်မှာပါ..။
ကားကို ရွေးချယ်သွားပီးတဲ့နောက်မှာ ကျွန်တော် Ctrl + J နဲ့ layer Via copy လုပ်လိုက်ပါတယ်..။ထို့နောက် ကျွန်တော်တို့ Background Layer ကိုပြန်ရွေးပါလိုက်ပါတယ်..။ ထိုမှ ဆက်ပြီးတော့ Filter >> Blur >> motion blur ကိုသွားပြီး Angle (19) ...Distane (193) pixels လောက်ထားလိုက်ပါတယ်..ထိုနေရာမှာ preview ကို အမှန်ခြစ်ပေး၍..ပုံမှာ ပြောင်းလဲသွားတာ ကိုကြည့်ကာ လိုချင်သလောက် ကိုထားလိုက်နိင်ပါတယ်..။
ထို့သို့ ပြုလုပ်ပြီးတဲ့နောက်မှာ ကျွန်တော် တို့ အောက်ပါ ပုံအတိုင်း (ခု နက ကျွန်တော်တို့ Background ကို motion လုပ်လိုက်တဲ့အတွက်)
ကား အရိပ်တွေ ထွက်နေပါလိမ့်မယ်..။
အဲ့ ဒီ ကား အရိပ်တွေကို ကျွန်တော် တို့ Clone Stamp Tool (or) Healing brush tool တွေကို အသုံးပြုပြီး လိုက်ဖျက်လိုက်ပါ..။Clone Stamp Tool (or) Healing brush tool ကို ယူပြီး R-Click ထောက်၍ Soft Round 200 pixels ကို ရွေးလိုက်ပါ.
ထို့နောက် အောက်ပါ ပြထားတဲ့နေရာမှာ Alt+ L-Click ကိုနှိပ်ပြီး ခုနက ကားအရိပ်တွေကို ဖျက်ပေးပါ..။
သိပြီးသားသူအတွက်လွယ်မှာပါ..။.Clone Stamp Tool (or) Healing brush toolတွေကို ဘယ်လိုသုံးမလဲ မသိတဲ့သူတွေ အတွက် နောက်မှ ကိုဧရာမြေရဲ့  Tools တွေ အသုံးပြုထားတဲ့ ပို့စ်လေး ပြန်တင်ပေးပါ့မယ်..။ခုတော့ လွယ်လွယ်ပဲ မှတ်လိုက်ပေါ့..ကျွန်တော်တို့ Clone Stamp Tool (or) Healing brush tool က Alt + L-Click နဲ့ တွဲသုံးရပါတယ်..။ဥပမာ ပြောရရင်...စက္ကူအပေါ်က အမဲစက်လေး တစ်ခုရှိတယ်ဆိုကြပါစို့ ..။ ကျွန်တော် ကစက္ကူကို လုံးဝ အဖြူလိုချင်သောအခါမှာ အမဲစက်ကို ဖျောက်ချင်တယ် Clone Stamp Tool (or) Healing brush tool ကို ယူလိုက်ပြီး အဖြူတစ်နေရာကို cursor ကိုချလိုက် ပြီးရင် Alt နဲ့ L-Click တွဲနှိပ်ခြင်းက အဲ့ ဒီ pixels တွေကို ကော်ပီ ကူးလိုက်တဲ့သဘောက်သက်ရောက်ပြီး..ခုနက ဖြူချင်တဲ့ အမဲနေရာမှာ သွားပွတ်ပေးလိုက်ခြင်းဖြင့် အမဲစက်တွေပျောက်သွားပါလိမ့်မယ်..။၎င်းအချင်းအရာ က Paste ပေးတဲ့သဘောပေါ့..။ကဲပါ နောက်မှ ဆက်ပြောကြတာပေါ့ လောလော ဆယ် ဆက်သွားလိုက်ရအောင်..။ဘယ်ရောက်သွားပြီလဲဟင်.............. ?
သြော်.............ကျွန်တော်တို့ ကားအရိပ်တွေဖျက်ပီးပီးဆိုရင်.. ကျွန်တော် တို့ ကားဘီးတွေက ရပ်နေတဲ့ ပုံသဏ္ဍန် ဖြစ်နေလို့ သဘာဝ မကျပါဘူး..။ သူတို့ကိုပါ လည်ခိုင်းရမှာပေါ့. :D .။ Elliptical Losso Tool ကိုယူလိုက်ပြီး အရင်ဆုံး ဘေးမှာ အ၀ိုင်းလေး ၀ိုင်းလိုက်ပါ..ပြီးမှ select >> Transform selection နဲ့ လိုတဲ့နေရာ လိုတဲ့ ပုံကို ရွေ့ယူ ပုံသွင်းပါ..ထို့နောက်မှာ Select >> Modify>> Feather (Shift +F6) ကိုသွားပီး Feather Radius ကို( 3) pixels လောက်ထားလိုက်ပါ..ဘီးနေရာတွေကို အောက်ပါအတိုင်း ရွေးချယ်လိုက်ပါ..။
ထို့နောက် Filter >> Blur >>> Radial Blur ကိုသွားပြီး Amount (36). Blur Method(Spin ) Quality (good ) နဲ့ Ok ပေးလိုက်ပါ..။အောက်ပါ အတိုင်းဖြစ်လာပါ့မယ်
ကျန်ဘီးတစ်ဖက် ကိုလဲ ထိုနည်းအတူ လုပ်လိုက်ပါ..။ထို့သို့ ဖြင့် ကျွန်တော် တို့ရဲ့  လေကျင့်ခန်း က ပြီးဆုံးသွားတဲ့ ရလာဒ် က အောက်ပါအတိုင်းဖြစ်လာတာ ကိုကြည်နူးစွာတွေ့ရမှာပါ..။
စာဖတ်သူအားလုံးပျော်ရွှင်ကြည်နူးကြပါစေ..။လိုအပ်တာများရှိရင်လဲ မန့်ထားခဲ့ပေးပါအုံး..။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment