.
အထက်ပါ ပုံလေး က actions အကူအညီ အသုံးပြုထားတာ ပါ..။ဒီ Tutorial မှာ ကျွန်တော် တို့ actions ကိုဘယ်လို သုံးလို့ ရလဲ ဆိုတာ ဆွေးနွေးချင်ပါတယ်..။မသိရင်တော့ အသုံးမတည့် သလို သိသွားတော့လဲ အသုံးတည့်သွားတာပေါ့ .။
ကျွန်တော် တို့ ပထမဆုံး Background တစ်ခု ဖန်တီးဖို့ new document တစ်ခု ကို အောက်ပါ Setting အတိုင်းယူလိုက်ပါတယ်..။
ကျွန်တော်တို့ new document ရလာတဲ့ အခါမှာ Filte >Render > Clouds ကိုသွားလိုက်ပါတယ်..။ထို့နောက် Hue/Saturation ကို အောက်ပါ Setting အတိုင်းထားလိုက်ပါတယ်..။
ထိုမှတဆင့် Filter > Blur >Radial Blur ကို အောက်ပါ Setting အတိုင်းထားလိုက်ပါတယ်..။
၎င်း နောက် ရလဒ် က ဒီလို ဖြစ်လာပါတယ်..။
Background တစ်ခုတော့ ဖန်တီးလိုက်ပါပီ..။ထို့နောက် ကျွန်တော် တို့ သုံးမယ့် Photo ကို File >open (Ctrl +O) ကနေယူလိုက်ပြီး girl လို့ Rename ပေးလိုက်ပါ..ကျွန်တော် သုံးထားတဲ့ ပုံက ဒီမှာပါ..။။girl Layerကို Radial Blur လုပ်တုန်းက ဗဟိုထားခဲ့တဲ့နေရာနဲ့ ပုံကို လိုချင်တဲ့ လမ်းကြောင်းကို Pencil လေး နဲ့ မှတ်ပါမယ်..။ကဲ ..New Layer (Ctrl+Shift+N)ယူပါ Line လို့ rename ပေးလိုက်ပါ..။..ပီးရင်Pencil Tool ကိုယူလိုက်ပါ..။ထို့နောက် လိုချင်တဲ့ လမ်းကြောင်းလေး ကို ဆွဲကြည့်ုလိုက်ပါ..။ဥပမာ အားဖြင့် အောက်တွင်ကြည့်ရှုနိုင်ပါသည်..။
ဒီအထိတော့ အားလုံးရိုးရိုးရှင်းရှင်းပါပဲ..။ ကဲ Actions အကြောင်းလေး ဆက်လိုက်ကြရအောင်..။ Window > actions (Alt+F9)ကိုသွားပါ..။
အထက်ပါပုံအတိုင်း new set တစ်ခုကို ယူပါ..ပြီးရင် Ok ပေါ့..။ပြီးရင် အောက်ပါပုံအတိုင်း new actions တစ်ခု ကို ထပ်ယူပါမယ်.။
ခုချိန်က စပြီး သူငယ်ချင်းရဲ့ လုပ်ဆောင်ချက်တွေကို Record ယူနေပါပြီ..။ ကဲဆက်သွားလိုက်ရအောင်. girl Layer ကို Ctrl+J ဖြင့် Copy ကူးလိုက်ပါ..။ထို့နောက် Ctrl +T အကူအညီ ဖြင့် မူလ ဆိုဒ် ထက် နည်းနည်းလေးချုံ့ လိုက်ပြီး အနည်းငယ် မူလထက် လမ်းကြောင်းလေး အတိုင်း တိမ်းစောင်းလိုက်ပါမယ်..။ထို့နောက် Filter > Blur >Gaussian blur ကိုသွား၍ အောက်ပါ အတိုင်း Setting ကို ထားလိုက်ပါတယ်..။
ဒီလောက်မှာ actions အလုပ်ပြီးသွားပါပြီ stop ကိုနှိပ်လိုက်ပါ..။
ထို့နောက် actions 1 ကို ပြန်ရွေးချယ်လိုက်ပါ...။ပီးလျှင် Play ခလုပ် ကို နှိပ်ပြီး actions လုပ်ငန်း စပါမယ်.။Play ကိုတစ်ခါနှိပ်ရင် ပုံကို တစ်ခါကော်ပီကူးမယ် ၊ ယခင်ကထက် ပိုသေးသွားမယ်..၊အနည်းငယ်လည်း ပိုတိမ်းစောင်းသွားမယ်..။ထိုနည်းဖြင့် မိမိ လိုချင်တဲ့ အနေထားရင်အောင် လုပ်လိုက်ပါ..။
မိမိစိတ်ကြိုက် ရပီဆိုရင် ကျန်တာလေးတွေ ဆက်သွားပါမယ်..။ ကျွန်တော် တို့ ခုန က Layers များရဲ့ အောက်မှာ Line Layerကို remove လုပ်လိုက်ပါ ၊ girl Layer ၊ Background layer ရယ်ကို မျက်စိမှိတ်ထားလိုက်ပါ..။ ထို့နောက် ကျန်တဲ့ actions လုပ်ထားတဲ့ Layer တွေ အကုန်လုံးကို Ctrl ဖိပြီး select လုပ်ပါမယ်..။ထို့နောက် Layer >arrange >reverse သွားလုပ်ပါမယ်.. (ပုံတွေ ပြောင်းပြန် ဖြစ်သွားတာ ကို မြင်ရပါလိမ့်မယ်)..။ ၎င်း နောက် Layer >Merge visible (Shift +Ctrl+E ) ဖြင့် Layer တွေ ကို ပေါင်းလိုက်ပါတယ်..။ထို့နောက် Background Layer နဲ့ Girl Layer ကို မျက်လုံး ပြန်ဖွင့်လိုက်ပါ..။ဤကဲ့သို့  actions အကူအညီဖြင့် စိတ်ကြိုက် ပုံလေး ဖန်တီး နိုင်လိုက်တာ ကိုတွေ့နိုင်ပါလိမ့်မယ်..။
အားလုံး ပဲ ပျော်ရွှင်ကြပါစေ..။အဆင်မပြေမှု့များရှိရင်လဲ ပြောပေးခဲ့ကြပါဦး..။
Subscribe to:
Post Comments (Atom)
1 comments:
ပုံကလေးများဆိုတာ မပေါ်ပါ ဒါကြောင့် ပုံမကြည့်ရတဲ့အတွက် အလုပ်မဖြစ်ပါခင်ဗျာ
Post a Comment