:( စာမလုပ်ချင်ဘူး ..။စိတ်ညစ်တယ်ဗျာ ..အဲ့ Study ကို မုန်းလို့ .. မကျေနပ်ချက်တွေနဲ့ Photoshop မှာ ပုံဖော်ထားတယ် ..။ အားပေးသွားကြပါအုံး..။
ကျွန်တော် လုပ်ထားတဲ့ ပုံလေး ကို ဆွေးနွေးပါ့မယ်..။ပိုသိတဲ့သူများလဲ comment တွေနဲ့ ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်..။ ကျွန်တော် က ဖိုတိုရှော့ မှာ မူကြို အဆင့်ပါ..။
ကျွန်တော် တို့ ပထမဆုံး new document တစ်ခု ကို 1000x500 pix ထားပြီး အရောင် (#f4f4f4) နဲ့ ယူလိုက်ပါတယ်..။ထို့နောက် Elliptical Marquee Tool ကိုယူပြီး မျဉ်းခုံးလေး တစ်ခု ဆွဲလိုက်ပါတယ်….ပီးရင် gradient tool ကို Black & White ယူပြီး အထက်အောက်ဆွဲလိုက်ပါတယ်..။
ထို့နောက် Deselect (Ctrl +D) လုပ်ပြီး Filter > Blur > Gaussian Blur နဲ့ ပြေပြေ လေး ဖြစ်အောင် လုပ်လိုက်ပါတယ်..။
အောက်ကပုံကိုကြည့်ပါ..။
ဒီအဆင့်ထိရောက်လာပြီဆိုရင် နောက် ထပ် ဆက်သွားပါ့မယ်..။Horizontal Type Tool တစ်ခု ကို ယူပြီး အလယ်တည့်တည့်မှာ STUDY ဆိုပီး ရေးပါမယ်..။(ကျွန်တော် ကတော့ Arial Black font ကို သုံးထားပါတယ်)..။
ပြီးရင်Blending Opction ကိုသွားပြီး Bevel and Emboss နဲ့  Gradient Overlay ကို အောက် က Setting တွေ အတိုင်း Apply လုပ်လိုက်ပါတယ် ..။
ထို့နောက် ၎င်း ကဲ့သို့ဖြစ်လာပါမယ်..။
ထို့နောက် new layer တစ်ခုကိုခေါ်လိုက်ပြီး Text layer န`၎င်း ကို Merge Layer လုပ်ပါမယ်..။Layer နှစ်ခုလုံး ကို Select လုပ်ပြီး R-Click လုပ်ပြီး Merge Layer လုပ်လိုက်ပါ..။ (မရှင်းလင်းပါက အောက်ကပုံကိုကြည့်ပါ.။)
ထို့နောက် ကျွန်တော်တို့ စာရေး ထားတဲ့ အောက်မှာ Shadow လေး နည်းနည်း ထည့်ပါမယ်..။Elliptical Marquee Tool ကိုရွေးပြီး Text အောက်ခြေမှာ ကို ရွေးလိုက်ပါ..။၎င်း နောက် ရွေးချယ်ထားတဲ့ ဧရိယာ ကို Black Color နဲ့ Fill (Alt + Del) လုပ်လိုက်ပါ..။
ထို့နောက် Deselect (Ctrl+D) လုပ်ပါ..။ထို့နောက် Ctrl+F ကို နှိပ်လိုက်ပါ..။ထို့နောက် Filter > Blur > Motion Blur ကိုသွားပြီး အောက်ပါ Setting အတိုင်း လုပ်ဆောင်ပါတယ်..။(မိမိ စိတ်ကြိုက်ရွေ့ပြောင်းကြည့်ပါ)
ထို့နောက် ခုနက ကျွန်တော် တို့ Shadow ချထားတဲ့ Layer ကို Duplicate layer (Ctrl+J ) သုံးခါ လုပ်လိုက်ပါ..။ဆက်ပြီး ကျွန်တော် တို့ displace effect စဖန်တီပါမယ်..။Polygonal Lasso Tool ကိုယူပြီး text မှာ ပိုင်းဖြတ်ပါမယ် ..(မိမိ စိတ်ကြိုက်) ဖြတ်ချင်တဲ့နေရာ ကို ရွေးပီးရင် Ctrl+Shift+J နှိပ်ပေးပါ..၎င်းနည်းဖြင့် Text ကို စိတ်ကြိုက် စိတ်ပိုင်းပြီး နေရာလေးတွေ လွှဲလိုက်ပါတယ်..။
စိတ်ကြိုက် Effect ထည့်ပြီးပီဆိုရင် ကျွန်တော် တို့ Robot လေး ပေါင်းပါ့မယ်..။ Robot ကို ဒီမှာ ဒေါင်းလော့ချလိုက်ပါ..။ဒေါင်းလော့ချလို့ရလာတဲ့ Robot ကို ကျွန်တော် တို့ Text Layer ထဲ ကို ကော်ပီ ကူးထည့်လိုက်ပါတယ်..။
ထို့နောက် လို်က်လျောညီထွေမှု့ရှိအောင် Edit >Free Transform နဲ့ စိတ်ကြိုက်ချိန်ယူလိုက်ပါတယ်..။
ထို့နောက် ကျွန်တော် တို့ Robot ခြေထောက်အောက်ကို Shadow သေးသေးလေး တစ်ခုလောက်ထည့်လိုက်ပါတယ်..။Shadow ထည့်တာလေးတော့ မဆွေးနွေးတော့ဘူးနော်..(အပေါ်မှာ ပါနေပါပြီ)..။
ကျွန်တော် တို့ ဖန်တီးနဲ့ Displaced Text အစီအစဉ် ဒီတွင် ပြီးပါပီ ခင်ဗျာ..။ :D
ပျော်ရွှင်ချမ်းမြေ့စွာ ဖိုတိုရှော့ဖြင့် စိတ်ကျေနပ်မှု့ရနိုင်ကျပါစေ..။ :)
1 comments:
ကျမကဘဖိုတိုရှော့မှာ ကြက်ချေးတန်း ( ဝ လုံးတန်း )
Post a Comment