.

ညီမလေး တစ်ယောက်ရဲ့  ဘလော့ တစ်ခုကို ပြင်ပေးရင်းနဲ့ ဘော်ဒါတွေ အတွက်လည်း မျက်စိထဲမှာပြေးမြင်မိတယ် ..။ မသိသေးတဲ့ သူလည်း ရှိချင်ရှိမှာပေါ့ ..။Eot အကြောင်းလည်း ကိုယ်တွေ က နှံနှံစပ်စပ် လေ့လာနေတဲ့ သူတွေမှ မဟုတ်တာ ..။
ပြောချင်တာကတော့ ခေါင်းစဉ်မှာ ကျနော်ပြောထားတဲ့ အတိုင်း Side bar title မှာ ရှိတဲ့ စာသားလေးတွေကို

ပြန်လည် ညီညာသွားအောင်ပြုလုပ်နည်းလေးကို လက်ဆင့်ကမ်းချင်ပါတယ် ..။
မျက်စိထဲမှာ မြင်သာအောင် ကျနော့် ဆိုဒ်ဘား အကေါင်းလေးကို အနစ်နာခံပီး ဥပမာပြပါမယ် ..။


ကဲ.... စိတ်ပါ ၀င်စားပြိး ပြုပြင်ဖို့ ဆန္ဒ ရှိပြီဆိုရင်တော့ ... { ထုံးစံအတိုင်း }
1) Blog ကို sign in
2) Layout ကို click
3) Edit HTML ကို click
4)ထိုမှတဆင့် HTML ကုဒ်တွေထဲမှ letter-spacing:.2em ဆိုသောစာသားလေးကို လိုက်ရှာပါ..။

{အချို့ သော Template တွေက နှစ်ခုတွေ့ရတက်ပါတယ် ..
Heading အောက်က နဲ့ Comment အောက်က စာသားများမှာ နှစ်ခုတွေ့ရပါတယ် ..။
ကျနော်တို့ ပြုပြင်ရမယ့် စာသားကတော့ Heading အောက်က စာသားပါ ..။}

အပြည့်စုံကတော့ ဒီအတိုင်းပါ ..။

h2 {
margin:1.5em 0 .75em;
font:$headerfont;
line-height: 1.4em;
text-transform:uppercase;
letter-spacing:.2em;
color:$sidebarcolor;
}

အဲ့ဒီစာသားလေးကိုတွေ့ပီဆိုရင် letter-spacing:.2em ဆိုသော နေရာမှာ letter-spacing:.0em လေးပြောင်းလဲလိုက်ပါ ..။
ပြီးရင်တော့ Save Templat ပေါ့ဗျာ ..။

အဆင်ပြေတော်မူနိုင်ကြပါစေခင်ဗျာ ...:)

1 comments:

ပေါ့ဆိမ့် said...

ကောင်းလိုက်တဲ့ ဖိုတိုရှော့ ပညာ။
တော်ပါပေတယ်..။ ကိုအရာတော်သားရေ..

{ အရာတော်မြေသို့ ရောက်ရှိလာသော သတ္တ၀ါ အပေါင်း ကျန်းမာ ချမ်းသာ ကြပါစေ } :P