.



Task Manager Disable ဖြစ်နေပြီဆိုရင် ပြထားတဲ့သလိုပဲ ဘယ်လိုမှ ခေါ်လို့ရမှာမဟုတ်ပါဘူး..။ ဖော်ပြပါကဲ့သို့သော့ Error message ပဲ ပြနေမှာပါ..။ဘာကြောင့်များ Task Manager Disable ဖြစ်သွားရလဲ လို့မေးရင်တော့..များသောအားဖြင့်တော့ Virus တွေကြောင့် များပါတယ်..။ Virus ပါတဲ့ File တစ်ခုခု ကို ဖွင့်မိတဲ့အခါ ဖြစ်တတ်လေ့ရှိပါတယ်..။

ဒါမျိုးဖြစ်ခဲ့ရင် ဘယ်လို လုပ်ကြမလဲ ဆိုတာကိုဝေမျှပါ့မယ်..။ ပထမ ဆုံး..Anti_vir နဲ့ scan အရင်ဖတ်လိုက်ပါ
..ပြီးရင် အောက်ပါ အဆင့်တွေအတိုင်းသွားပြင်လိုက်ကြပါမယ်..။ Window Xp မှာ ဆိုရင် Start >> Run >>gpedit.msc
ထို့နောက်တော့ Ok ပေါ့ ..။ ဒါဆို Group Policy Editor ကိုရောက်သွားပါလိမ့်မယ်..။ ထိုမှ ဆက်ပြီးတော့ User Configuration>> Administrative Templates>>System>>Ctrl+Alt+Del Options ထိုအခါ အောက်ပါပုံအတိုင်းတွေ့ရပါလိမ့်မယ်..။
အဲ့နေမှာ Remove Task Manager ကို D-Click ပေးလိုက်ပြီး Setting ကိုပြင်လိုက်ပါမယ်..။

၎င်း နေရာမှာ Not Configured ကိုရွေးလိုက်ပြီး Ok ပေးလိုက်ပါ Task Manager available ပြန်ဖြစ်သွားပါလိမ့်မယ်..။

Window Xp မဟုတ်တဲ့ တစ်ခြား Window မှာ ဆိုရင်တော့ ကျွန်တော် တို့  registry ကို ပြင်ဖို့လိုပါတယ်.။
Start >> Run >>regedit >> Ok နဲ့သွားလိုက်ပါ Registry Editor box လေးပေါ်လာပါလိမ့်မယ်..။
ထို့နောက် HKEY_CURRENT_USER>>Software>>Microsoft>>Windows>>CurrentVersion>>Policies>>System
တစ်ဆင့်ခြင်းသွားခဲ့ရင် အောက်ပါ ပုံလိုနေရာကိုရောက်လာပါ့တယ်..။
DisableTaskMgr item ကို R-Click ထောက်ပြီး Delect ပေးလိုက်ပါ..။Task Manager available ပြန်ဖြစ်သွားပါလိမ့်မယ်..။

0 comments:

{ အရာတော်မြေသို့ ရောက်ရှိလာသော သတ္တ၀ါ အပေါင်း ကျန်းမာ ချမ်းသာ ကြပါစေ } :P