.
စာဖတ်သူအားလုံးပဲ မင်္ဂလာပါဗျာ..။ခုတလော နက်ကြောင့်လား.. .comဆာဖာကပဲ စုတ်နေလို့လားတော့မသိဘူး..။ကျွန်တော် နေရာက ဆိုဒ်ကိုဖွင့်လို့မရလို့ ..ပို့စ် တောင်မတင်နိုင်ဖြစ်နေတယ်..။ဒီနေ့တော့ ပြန်ဖွင့်ရတာနဲ့ အလွယ်ဆုံးနည်းလမ်းလေးတစ်ခုနဲ့ ပျက်ကွက်ခဲ့တာကိုအတိုးချေပါ့မယ်..။တတ်ပြီးသားသူတွေအတွက်ဒါလေးက ဘာမှ မဟုတ်ပါဘူး..။မတတ်သေးသူတွေအတွက် ရည်ရွယ်တယ်ပဲသဘောထားပေးကြပါ..။
ကျွန်တော် တို့ထုံးစံအတိုင်းပဲ Text Effect ထည့်မယ့် ပုံကို ဖိုတိုရှော့ထဲ ထည့်လိုက်ပါတယ်..။ထို့နောက်.. Background layer ကို Duplicate Layer လုပ်လိုက်ပါတယ်..။ပြီးရင် မိမိ လိုချင်တဲ့နေရာမှာ စာကိုရိုက်လိုက်ပါ..။ ထို့မှဆက်ပြီး Blending Options ကိုသွားပြီး Bevel and Emboss ကို အမှန်ခြစ်လေး ခြစ်ပေးလိုက်ပါ..။ (layer>>Layer style >> Bevel and Emboss ကိုအမှန်ခြစ်လဲ တူတူပါပဲ..။)..။၎င်းနောက်ဆက်၍ Text Layer ကို ခုနက Duplicate လုပ်ထားတဲ့ Layer အောက်ကို ထားလိုက်ပါ..။
ဆက်ပြီးတော့ ကျွန်တော် တို့ ခုနက Text Layer ရဲ့ အပေါ်က Duplicate လုပ်ထားတဲ့ Layer ကိုပြန်ရွေးလိုက်ပါ..။
ထို့နောက် Layer >> Creat Clipping Mask (Alt+Ctrl+G) ကို သွားလိုက်ပါ..။
ဤနည်းလေး ဖြင့် လိုအပ်တဲ့နေရာမှာ အကျိုးပြုနိုင်မယ်လို့ထင်ပါတယ်..။စာဖတ်သူအားလုံးကို လေးစားစွာဖြင့်....................။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment