.
လူတိုင်းက...ပြုံးနေတဲ့ သူတစ်ယောက်ကို မြင်တဲ့ အခါ လူတိုင်းစိတ်ချမ်းသာပါတယ်..."ဟုတ်ပါတယ်နော် ?"..။ဒါပေမယ့်ပြုံးတိုင်း လှသလားဆိုတော့လဲ မလှပါဘူး..ပြုံးတိုင်းစိတ်မချမ်းသာရပါဘူး..။အပြုံးတစ်ခုမှာ သွားတွေ ကတော့ အဓိကကျတာပေါ့နော့...သွား-မှာ ငရုပ်သီးဖတ်ကပ်နေတာ ဘယ်လိုကြည့်ကောင်းမလဲ..သွားတွေက ၀ါနေရင်လဲ ခံစားလို့မရဘူး..။ခုပြောပြချင်တာလေးကတော့ အပြုံးကို အသက်သွင်း တယ်လို့ပြောရမလားပဲ..။
အောက်ကပုံလေး ကို ကြည့်ပါဦး....။
ဒီ ပြောင်းလဲမှု့လေး လုပ်ဖို့ အတွက် ကျွန်တော် တို့ Google မှာ ပဲ ပုံလေး ကိုရှာလိုက်ပါတယ်..ကျွန်တော် အသုံးပြုထားတဲ့ အပြုံးပိုင်ရှင်ကို မှ စိတ်ဝင်စားတယ်ဆိုရင်တော့ ဒီနေရာမှာရယူနိုင်ပါတယ်..။ဒီပြောင်းလဲ မှု့မှာ ဘာမှ ထွေထွေထူးထူးတွေ တော့သုံးမထားပါဘူး..ဘာလို့လဲဆိုတော့ ကျွန်တော်လဲ အဲ့လောက်မတတ်လို့လေ :D . ပထမဆုံး ကျွန်တော် တို့ ပုံကို ဖိုတိုရှော့ ထဲ ထည့်ပါတယ်..။ဘယ်က ထည့်တယ် ဆိုတာတော့ လူတိုင်းသိနေပြီးသားမို့ မပြောတော့ပါဘူး..။ထို့နောက်တော့ polygonal Losso Tool နဲ့ အောက်ဖော်ပြပါ ပုံလေး လို..နှုတ်ခမ်းသားလေးတွေကို ရွေးယူလိုက်ပါတယ်..။
ထိုကဲ့သို့ ရွေးချယ်ပြီးသွားတဲ့ အခါမှာတော့...Ctrl +J နဲ့ ထိုအစိတ်အပိုင်းလေးကို Copy ကူးယူလိုက်ပါတယ်.. ပီးရင်တော့ ကျွန်တော် တို့ Image > Adjustments > Levels နဲ့ hue and saturation ကို အပြောင်းအလဲ လေး အဖြစ် ကိန်းဂဏန်းလေးတွေကို ကစားပါမယ်..။အောက်က ပုံလေးတွေက တော့ ကျွန်တော် လုပ်ထားတဲ့ ပုံမှာ ရွေ့ပြောင်းထားတဲ့ ကိန်းဂဏန်းလေးတွေပါ...ကြည့်ပါအုံး..။မိတ်ဆွေ တို့လဲ မိမိပြုပြင်မှု့မှာ စိတ်ကြိုက် ကစားကြည့်ပါ..(ကျွန်တော် လို လုပ်မှ ရမယ်လို့ တရားသေမရှိပါဘူး အထူးသတိပြုပေးပါ..။ )
အထက်ပါ ကာလာ လေးတွေချိန်ပြီးပီ ဆိုရင်တော့... ပုံ ရဲ့  ပြောင်းလဲမှု့က ဒီလိုလေး ဖြစ်လာမှာပါ..။
ဒီမှာ ကျွန်တော် က တော့ နှုတ်ခမ်းက အရောင်မထည့်ချင်တာ နဲ့ Eraser Tool လေးနဲ့ လိုက်ဖျက်လိုက်ပါတယ်..။ မိတ်ဆွေ တို့ ထားချင်ရင်တော့ ထားပေါ့..။ ကျွန်တော်ပုံလေး ကတော့ ဒီလိုလေး ဖြစ်လာပါတယ် ..။
ဒီလိုလေး ဖြစ်လာပြီးနောက် တော့ ကျွန်တော် စိတ်ထဲ မကျေနပ်သေးတာနဲ့ Image > Adjustments > Hue/Saturation ကို ထပ်ပီး ကလိလိုက်ပါသေးတယ်...အောက် က ကိန်းဂဏန်းလေးတွေကတော့ ကျွန်တော် ရွေ့ထားတာပါ :D..။
ကဲ...ကြည့်ပါအုံး နဲနဲတော့ကြည့်ကောင်းလာပြီနော်...။
နောက်ထပ် ကျွန်တော် Dodge Tool လေး ကိုယူပြီး (Brush: 45px, Range: Midtones, Exposure: 50%)
သွားပေါ်မှာ လိုက်ချယ်လိုက်ပါသေးတယ်...။ ပြောင်းလဲ မှု့ကတော့ ဒီလိုဖြစ်လာပါတယ်...
ကဲ... ကျွန်တော် တို့ရဲ ပြောင်းလဲ ဖန်တီးမှု့လေး အဆုံးသတ်မှာ ပဲ Hollywood Smile ကို စိတ်ကျေနပ်မှု့အပြည့်နဲ့ ဖန်တီးရရှိသွားပါပြီ.
စဉ်းစားတွေးတောခြင်းဖြင့် ဒီထက်ကောင်း သော ဖန်တီမှု့များ ပြုလုပ်နိုင်ကြပါစေ..။
Subscribe to:
Post Comments (Atom)
1 comments:
သဘောကျသွားတယ်
Post a Comment