.

ပျင်းတာနဲ့ ဖိုတိုရှော့ ဘက်လည့်ဖြစ်သွားလို့ နည်းလေး တစ်ခုလောက်ပြန်ရှယ်ချင်ပါတယ်..
။ကျွန်တော် လဲ လက်ရည် သွေးရင်း သူငယ်ချင်းတွေကို လဲပြန်ရှယ်ရင်းပေါ့..။ အပေါ်က ပုံလေးကို ကြည့်ပါအုံး..။ ဖြူ တဲ့သူကို အနက်နုရောင်လေး ဖြစ်စေလိုက်တာပါ... စိတ်ဝင်စားတယ် ဆိုရင်တော့ ဆက်ဖတ်ကြည့်လိုက်ပါအုံး...။

အစက ဒီလိုသူငယ်ချင်းရေ...
ဖိုတိုရှော့ File Open(Ctrl + O) ကနေ လုပ်ချင်တဲ့ပုံလေးကို ဆွဲယူလိုက်ပါတယ်...။ဒီ Tutorial မှာ Polygonal losso tool(L) နဲ့ ပြောင်းလဲသွားတာပါ...။များစွာသောနည်းတွေလဲရှိပါတယ်..။လွယ်လွယ် ကူကူနဲ့ Polygonal losso tool(L) နဲ့ ပြောင်းလဲ ချင်တဲ့ အသားအရေ ကို ရွေးချယ်လိုက်ပါတယ်

မိမိ လိုချင်တာတွေ ရွေးချယ်ထားတဲ့ ဧရိယာ မှာ ထပ်ပေါင်းချင်တယ် ဆိုရင် Shift ကိုနှိပ်ပြီး.. ထပ်ပေါင်းပေးလို့ရသလို(သတိထားပီးကြည့်ကြည့်ပါ .Polygonal losso tool(L)ရဲ့ အောက်မှာ + လက္ခဏာ ပေါ်နေပါလိမ့်မယ်>) ..မလိုချင်တာတွေ အတွက် ပြန်နှုတ်ချင်တယ် ဆိုရင်.Alt ကိုနှိပ်ပြီး ပြန်နှုတ်ပေးလို့ရပါတယ်..
(သတိထားပီးကြည့်ကြည့်ပါ .Polygonal losso tool(L)ရဲ့ အောက်မှာ - လက္ခဏာ ပေါ်နေပါလိမ့်မယ်)...အောက်ကပုံလေးမှာ အ၀တ်စားတွေ ကို မပြောင်းလဲ လို တဲ့အတွက်..Alt နဲ့ ပြန်နှုတ်လိုက်ပါတယ်..။ အောက်က ပုံကိုကြည့်ကြည့်ုလိုက်ပါ..။

မိမိ မလိုချင်တဲ့ အစိတ်အပိုင်းတွေကို ပြန်နှုတ်ပြီးသွားပီဆိုရင်...ပြောင်းချင်တဲ့ အသားအရောင်ကို..ပြောင်းလဲ ပါတော့မယ်..
အစဦးဆုံး..မိမိ ရွေးချယ်ထားတဲ့ အစိတ်အပိုင်းကို Duplicate Layer (Ctrl J) လုပ်ပါမယ်..။Duplicate Layer ဆိုတာ ရွေးချယ်ထားတဲ့ အစိတ်အပိုင်းကို ကော်ပီ တာပါ...Ctrl J နှိပ်၍ လည်း အဆင်ပြေနိုင်ကြောင်း ဖော်ပြခဲ့ပါတယ်..။ထို့နောက်မှာတော့ Color တွေကို ကစားကြည့်ပါမယ်...Image > Adjustments > levels ကနေ အောက်ဖော်ပြပါပုံများအတိုင်း လုပ်ဆောင်ကြည့်ပါ..(ပြထားတဲ့ ကိန်ဂဏန်များမှ မဟုတ်ပဲ မိမိလိုချင်သည့်အရောင်ပေါ်မူတည်၍ ရွေ့ပြောင်းကြည့်ဖို့ အကြံပေးလိုပါ၏)




အားလုံး ချိန်လိုက်ပီဆို အောက်က ပြထားတဲ့ပုံလေး ရပါလိမ့်မည်..။
ဒါမှ မကျေနပ်သေးတာနဲ့ Image > Adjustments > Brightness/Contrast. နဲ့ အနည်းငယ်ချိန်လိုက်ပါသေးတယ်..။
စိတ်ကျေနပ်မှု့ရှိသွားပြီ ဆိုရင်တော့ ကျွန်တော် တို့ ရဲ့  ရလာဒ်လေး က ဒီလို ထွက်လာပါတယ်..။
အောက်မှာတော့ မူလပုံနဲ့ ပြောင်းလဲ ထားတဲ့ ပုံကိုယှဉ်တွဲ ပြထားတာပါ..။
မိမိကိုယ်တိုင် ဒီထက်ကောင်းတာ များဖန်တီးနိုင်၍ စိတ်ကျေနပ် မှု့ ရနိုင်ပါစေ..။

0 comments:

{ အရာတော်မြေသို့ ရောက်ရှိလာသော သတ္တ၀ါ အပေါင်း ကျန်းမာ ချမ်းသာ ကြပါစေ } :P