.
သင့်မှာ သစ်သီးပုံ လေး တစ်ခုရှိမယ် ဆိုရင်..သစ်သီးပုံထဲ နဲ့ လူမျက်နှာလေး ဘယ်လိုပေါင်းစပ်ဖန်တီးနိုင်မလဲ ဆိုတာလေးကို ပြောပြချင်ပါတယ်..။ဖတ်မိ မှတ်မိသမျှလေးပေါ့..။ အိပ်မက်ရပီး ထရေးတာတော့မဟုတ်ပါဘူး..။သိပီးပီဟေ့ မောင်ရင် ရေ ! ဆိုရင်လဲ ခွင့်လွှတ်ပေးပါအုံး..။..မသိသေးလို့ ဖတ်ချင်တယ်ဆိုရင်တော့ ဆက်လက်ဖတ်ရှူရန်ကိုနှိပ်ကြည့်ပေးပါအုံး..။
စိတ်ကြိုက်ပုံလေး နဲ့လုပ်ချင်တယ် ဆိုရင်တော့..Google ကိုပဲ ပြေးလိုက်ပါ :) ..။ ယ္ခု သုံးထားတဲ့ပုံနဲ့ ပဲ လုပ်ချင်တယ် ဆိုရင်တော့ ဒီနေရာမှာ ရနိုင်ပါပြီ ...:).. ။..ကဲ..ဆက်လိုက်ကြရအောင်နော်..သစ်သီး ပုံလေး ကို ဖိုတိုရှော့ ထဲထည့်လိုက်ပါ...။
မျက်နှာ ပုံကိုတော့ ဒီလူကြီးပဲ ရယ်ရတယ်ဆိုရင်တော့ အဲ့လူကြီး ဒီနေရာမှာ.နေပါတယ်..။ကောင်းပါပီ...အားလုံး ရပီဆိုရင် ပထမဆုံး ထည့်ထားတဲ့ သစ်သီး ပုံ နေရာကိုပဲ လူမျက်နှာ ပုံကိုလဲ ဆွဲထည့်လိုက်ပါမယ်..မျက်နှာ's Layer ရဲ့  opacity ကို 45 % ပတ်ဝန်ကျင်လောက် ထားပေးပါ....။ပီးရင် သစ်သီးရဲ့ အနေအထားနဲ့ မျက်နှာ တသားထဲဖြစ်သွားအောင် Edit > Free Transform က နေ မျက်နာ ကို လှည့်လိုက်ပါတယ်..။ အောက်ကပုံလေး ကိုကြည့်ပါအုံး..။
ဒီအထိ အဆင်ပြေပီ ဆိုရင်တော့ Eraser Tool ကိုယူပြီး ခုနက Layer မှာ Right-Click ထောက်ပြီး soft round brush ကို opacity 30% လောက်နဲ့ မျက်လုံး ပါးစပ် နှာခေါင်းတွေ ချန်ထားပြီး ကျန်တာ အကုန်ဖျက်လိုက်ပါ.။အောက်က ပုံလေး ကို ကြည့်ရင် ရှင်းမယ် လို့မျှော်လင့်ပါတယ်..။
ထို့နောက်Eraser Tool ကိုယူပြီး ခုနက Layer မှာ Right-Click ထောက်ပြီး Hard round brush ကိုရွေး၍ လက်နဲ့ ပတ်လည်က ဧရိယာတွေကို ဖျက်ပစ်လိုက်ပါ ..။ဒီလိုလေးဖြစ်သွားပါမယ်.....
ထို့နောက် ၎င်း Layer ကို Ctrl +J နဲ့ Copy ကူးလိုက်ပါမယ်..။Copy ကူးလိုက်တဲ့ လေယာ ကို..မျက်လုံးလေး မှိတ်လိုက်ပါတယ်..ထို့နောက် မျက်လုံး မှိတ်ထားတဲ့ အောက် က Layer ကို ပြန်ရွေးပါ..ပြီးလျှင် Image > Adjustments > Color Balance ကနေ အရောင်ကိုလိုက်ညှိပါမယ်..။
၎င်း နောက် ရလာဒ်က ဒိလိုလေးဖြစ်လာပါမယ်..။
ထို့နောက် Image > Adjustments >Hue/Saturation: ကိုသွားလိုက်ပါတယ်..။
ထိုသို့ တစ်ဖြည်းဖြည်း ညှိယူလာရင်းနဲ့ ရလာဒ် က ဒီလိုပဲ တစ်ဖြေးဖြေး ပြောင်းလဲလာခဲ့ပါတယ်..။
ထို့နောက် Burn Tool (Brush: 70px, Range: Midtones, Exposure: 30% ) နဲ့ မျက်လုံး နှာခေါင်း နဲ့ ပါးစပ်တွေကို အနည်း ငယ်လိုက်မဲ စေလိုက်ပါတယ်..။
ထို့မှတဆင့် ကျွန်တော် တို့ ခုန က မျက်လုံးလေး မှိတ်ထား ခဲ့တဲ့ Layer ကို မျက်လုံးပြန်ဖွင့်လိုက်ပါမယ်..။ပီးရင် Eraser Tool ပဲ သုံး၍ဖြစ်စေ Polygonal Lasso Tool သုံး၍ဖြစ်စေ..မျက်သားဖြူဖြူလေး ရယ် နှာခေါင်းပေါက်လေးတွေရယ်..ပါးစပ် ပေါက်ရယ်ချန်ပြီး ကျန်တဲ့အစိတ်အပိုင်းတွေကို ဖျက်ထုတ် လိုက်ပါတယ်..။ (ကျွန်တော် ကတော့ Polygonal lasso Tool နဲ့ ရွေးချယ်လိုက်ပီး Ctrl+Shitf+I နှိပ်၍ ရွေးချယ် မှု့ကို Inverse ဖြစ်စေခါ.. Del Key ဖြင့် ဖျက်လိုက်ပါတယ်)..။
ထို့နောက် Image > Adjustments > Levels to this layer: ကိုသွားပြီး levels ညှိခဲ့ပါသေးတယ်..အောက်မှာ ကြည့်ပါအုံး..။
ပြောင်းလဲမှု့က ဒီလိုရှိလာပါတယ်..။
ထို့နောက် Burn Tool (Brush: 70px, Range: Midtones, Exposure: 30%) ကိုယူပီး နှာခေါင်းပေါက်လေးတွေ ပါးစပ်ပေါက်လေးတွေ မဲသွားအောင် ထပ်ကဲ လိုက်ပါသေးတယ်..။
နောက်ထပ် Eraser Tool နဲ့ soft round brush ( opacity 30%) ယူပီး သန့်ရှင်းရေးနည်းနည်းလုပ်ပါတယ်..။
ဒါဆိုရင်တော့ အဆင်ပြေသလောက်ရှိသွားပါပီ..။ ပို့စ် လဲတော်တော်လေး ရှည်နေပါပြီ..။စိတ်ချမ်းသာ စွာ နဲ့ အကောင်းဆုံးများဖန်တီးနိုင်ကြပါစေ..။
Subscribe to:
Post Comments (Atom)
2 comments:
ကိုအရာတော်ရေ လေ့လာဖို့တော့ တခု ထပ်တိုးသွားပါပြီဗျ ..
ကြိုက်တယ်ဗျာ
စမ်းကြည့်အုံးမယ် :)
ZaunG
Post a Comment