{ညအလင်္ကာ}အစ်ကိုရေ အစ်ကို့အောက်က ချစ်ရတဲ့ဘော်ဘော်တွေ လိုမျိုး ဘယ်လိုလုပ်ရမလဲဗျာ

ဟုတ်ကဲ့ဗျ.... လေးစားရသော ညအလင်္ကာ ခင်ဗျာ ..
ကျနော်လည်း သူငယ်ချင်းလင့်တွေကို
တစ်ယောက်ခြင်းဆီ ဖော်မပြထားပဲ Scrollable link အဖြစ်ဖော်ပြထားပါတယ်ခင်ဗျ။ အဲ့ဒီနည်းလေးကို
လုလု
ဆီ ကနေ view slection source နဲ့ ကြည့်ခဲ့တာပါ ။ ဒီ sprite ရဲ့  မူရင်း ကိုကြည့်ချင်ရင်
တော့ ဒီနေရာမှာ မှာ ကြည့်နိုင်ပါတယ် ။sprite ရေးဆွဲသူကတော့ မြန်မာ မဟုတ်ဘူးလို့တော့ ထင်တာပဲဗျာ ..။ ဘယ်သူဆွဲဆွဲ အရေးမကြီးဘူး ။ အဓိက ကတော့ မသိသေးသော သူငယ်ချင်း များအတွက် လည်း အသုံးဝင်နိုင်အောင် ပို့စ် တစ်ခု အဖြစ် တင်လိုက်ပါတယ်ခင်ဗျာ..

လုပ်နည်းလေးကတော့ ထုံစံအတိုင်းပါပဲ...
1# Blog ကို sign in
2# Layout ကို click
3# Page elements က Add A Gadget ကို click
4# HTML/Javascript ကိုရွေးပြီး အောက်မှာရှိတဲ့ code တွေကိုထည့်ပေးလိုက်ခင်ဗျ ။

<select onchange="window.open(this.options[this.selectedIndex].value,'_blank')" name="menu" size="1">

<option/>!! ချစ်ရတဲ့ ဘော်ဘော်တွေ !!

<option value="မိမိသူငယ်ချင်းဘလော့၏ URL"/>သူငယ်ချင်းအမည်

</select>
<gt;

!! ချစ်ရတဲ့ ဘော်ဘော်တွေ !! ဆိုသော စာသားနေရာမှာ မိမိကြိုက်နှစ်သက်သလို ပြင်ဆင်နိုင်ပြီး
{မိမိသူငယ်ချင်းဘလော့၏ URL နှင့် သူငယ်ချင်းအမည်} ဆိုသောနေရာများကို ပြင်ဆင်ပေးလိုက်ပါ။
ဒီ code လေးရဲ့  အားသာချက်က အလျား နှင့် အနံများ ဟာစာသားအလိုက် ကျယ်ပြန့်သွားခြင်းဖြစ်ပါတယ်။
ပြောနေတာ ရှုပ်ခြင်ရှုပ်အုံးမယ် ။ လုပ်ကြည့်လိုက်ပါ ။။ အရမ်းလွယ်တယ်။
အဆင်ပြေကြပါစေခင်ဗျာ............

3 comments:

ဂျေဂျူဝိုင် said...

link ပုံစံလေး ဖြစ်နေအောင်ကော ဘယ်လို လုပ်ရမလဲဗျ။ ဟိုလေဗျာ။ သူက Link ဖြစ်မနေတော့ ဒီတိုင်းဘဲ ဖြစ်နေပြီး ဘယ်လို ဆက်လုပ်ရင် သွားမလဲ။

အရာတော်သား said...

lable အဖြစ်ပြောင်းထားရင် link ပုံစံ ဖြစ်သွား မယ်လို့ ကျနော် ထင်တယ်ဗျ

thawzin said...

ကောင်းပါ့ဗျာ ဒါလေး သိချင်နေတာ ကြာပေါ့ဗျာ “အတိုင်းအထက်အလွန်ဘဲ” ကျေးဇူးတင်ပါတယ်

{ အရာတော်မြေသို့ ရောက်ရှိလာသော သတ္တ၀ါ အပေါင်း ကျန်းမာ ချမ်းသာ ကြပါစေ } :P