.

{ဂျေဂျူဝိုင်}ထပ်သိချင်တာက dropdown link ပုံစံလေးရယ်။ blog page မှာ html ကို ဘယ်လို ဖော်ပြရတာလဲ ဆိုတာကိုရယ်ပါ
ဟုတ်ကဲ့ လေးစားရသော ဂျေဂျူဝိုင် ခင်ဗျာ..
dropdown link ပုံစံလေး ဒီနေရာမှာ ဖော်ပြထားပါတယ် ။ ဒီထက်ပိုသိချင်ရင်တော့ ဒီဆိုဒ်မှာ သွားလေ့လာနိုင်ပါတယ် ။
အဲ့ဒီဆိုဒ်မှာ အများဆုံးရေးသားထားတာကတော့  HTML နဲ့ ပက်သက်ပြီး code view အနေနဲ့

ရေးသားထားတာ များပါတယ် ။

blog page မှာ html ကို ဘယ်လို ဖော်ပြရတာလဲ ဆိုတာကိုတော့ ဘလော့တော်တော်များများမှာ ရေးသားထားပါတယ် ။
ဒါပေမယ့် တချို့  TEMPLATE တွေမှာ ရေးသားချက်တွေနဲ့ လိုက်လုပ်ပေမယ့် မရတာများပါတယ်။

(ကျနော့ကိုယ်တွေ့ ပြောတာပါ)အဲ့ဒီတော့ ဘယ်လို TEMPLATE မျိုး မဆို
HTML ကုတ်တွေပေါ်နိုင်ဖို့

ကျနော် ပြောပါမယ် ။ ဒီနည်းကို သုံးလို့ မရဘူးဆိုရင် ကျနော်အရာတော်သား မိန်းမ မယူတော့ပါဘူးခင်ဗျာ ။(ဟီးဟီး......)

လုပ်နည်းကတော့ အရမ်းလွယ်ပါတယ်ခင်ဗျ ။
Blog page မှာ ပို့စ် တင်တဲ့အခါ အောက်မှာ ပြထားတဲ့ ပုံအတိုင်း {Result} မှာရှိတဲ့ စာလုံးများကို
{Entity Name} ပြောင်းပေးပါ ။


များသောအားဖြင့်တော့ < (less than) နဲ့ > (greater than) ဆိုသော စာလုံးနှစ်ခုကိုပဲ ပြောင်းပေးပြီး ပို့စ်တင်ရင် အဆင်ပြေတာများပါတယ် ။
ကျန်သောစာလုံးများ ကို တချို့  TEMPLATE တွေမှာ ပြောင်းဖို့ မလိုအပ်ပါဘူး ။
ကျနော်က တော့ အဲ့ဒီနည်းပဲ သုံးပါတယ်ခင်ဗျာ..။ များလာရင်တော့ ဒီနေရာမှာ သွားချိန်းပါတယ် ။
အဆင်ပြေပါစေခင်ဗျာ......................

2 comments:

ဂျေဂျူဝိုင် said...

အဆင်ပြေသွားပါပြီ ။ ကျေးဇူးပါပဲဗျာ။ ကျွန်တော် http://www.myanmarfriendsday.com မှာ ရေးချင်လို့ပါ။ တစ်ဆက်တည်း အသိပေး ခွင့်တောင်း ခဲ့ပါတယ်။ အကိုရဲ့ ရေဒီယိုကုဒ်လေးကို ကျွန်တော့် ဆိုက်လေးမှာ တင်လိုက်ပါတယ်။

ကျေးဇူးတင်လျှက်

အရာတော်သား said...

ကြိုက်တဲ့ နေရာမှာ ကြိုက်သလို အသုံးပြုပါခင်ဗျာ ....
အဆင်ပြေပါစေ

{ အရာတော်မြေသို့ ရောက်ရှိလာသော သတ္တ၀ါ အပေါင်း ကျန်းမာ ချမ်းသာ ကြပါစေ } :P