.

{မိုးစက်ပွင့်လေး} link effect ထည့်ချင်တာ ဘယ်လိုလုပ်ရမလဲဟင်..
{ညအလင်္ကာ} အစ်ကိုရေ ရေးလက်စနဲ့ တစ်ခါတည်းထပ်တောင်းဆိုလိုက်ဦးမယ်
အစ်ကို့ဘလော့က လင့်တွေမှာ လက်ကနဲလက်ကနဲအက်ဖက်
ပုံစံလေးကိုဘယ်လိုလုပ်လဲဗျး))

ဟုတ်ကဲ့ .... လေးစားရသော မိုးစက်ပွင့်လေး နှင့် ညအလင်္ကာ ခင်ဗျာ ..
သူငယ်ချင်းတို့ သိချင်တဲ့ link effect ထည့်နည်းလေးကို ကျနော်လည်း ကိုဇောင်း ဆီကနေ ရရှိခဲ့တာပါ။
သူငယ်ချင်းတို့ နှစ်ယောက်နဲ့ မသိသေးသောသူငယ်ချင်းများ သိစေဖို့ ပို့စ်အဖြစ်တင်ပေး
လိုက်ပါတယ်။ အကိုကြီး ကိုဇောင်း ရေ .. အကို့နည်းပညာကို ဖြန့် ဝေလိုက်ပါပြီခင်ဗျာ....

နည်းပညာလေးကတော့ ပုံမှန်းအတိုင်းပါပဲ ...
1) Blog ကို sign in
2) Layout ကို click
3) Edit HTML ကို click
4)ထိုမှတဆင့် HTML ကုဒ်တွေထဲမှ ]]></b:skin>ဆိုသောစာသားလေးကို လိုက်ရှာပါ..
]]></b:skin> ဆိုသောစာသားလေးကို တွေ့လျှင် ။ အဲ့ဒီစာသားရဲ့ အပေါ်မှာ
အောက်မှ ဖော်ပြထားသောcode လေးကို ထည့်ပေးလိုက်ပါခင်ဗျ ။

a:hover {
color:#CC0000;
text-decoration:none;
background:transparent url(
http://dl7.glitter-graphics.net/pub/474/474167l68h9nknqq.gif);
}

အဲ့ဒီ code လေးထည့်ပြီးသွားရင်တော့ Save Template ကိုနှိပ်လိုက်ရုံပါပဲဗျာ။
အဲ့ဒါဆို အိုကေသွားပြီ ။

အဲ့ဒီ code လေးကတော့ လိပ်ပြာပုံလေးတွေဖြစ်တဲ့link effect ပုံစံမျိုးပါ။
အကယ်၍ များ သူငယ်ချင်းတို့ အနေနဲ့လိပ်ပြာပုံစံလုပ်ထားတဲ့
link effect ပုံစံလေးကို မကြိုက်သေးဘူးဆိုရင်
http://dl7.glitter-graphics.net/pub/474/474167l68h9nknqq.gif ဆိုသော နေရာမှာ
{မိမိကြိုက်နှစ်သက်ရာပုံရဲ့  URL} ကိုထည့် သွင်းနိုင်ပါတယ်ခင်ဗျ။
အဆင်ပြေကြပါစေဗျာ........

6 comments:

shanlaytwaye' stage of life said...

ဟဲ..ဟဲ....ကူးသွားတယ်နော် ဒါပေမယ့် တစ်ခြားပုံကို ကိုယ်ဘာသာကို စဉ်းစားပြီး မတူအောင် ထည့်လိုက်တယ် ...
မတူအောင်လို့ပါ
ကဲ....အစ်ကိုရေ ကျေးဇူးဗျ လိုချင်တာကြာနေပြီး

မိုးစက်ပွင့်လေး said...

ဟိဟိ..လိုက်လုပ်တာ ရတွားပါရယ် ..ရှဲရှဲပါနော်..လိုချင်နေတာကြာပီ..

Anonymous said...

ဒါလေးလဲ ယူသွားတယ်
အကိုအရာတော်

nyanmyo said...

ကျေးဇူးပါ လုပ်လိုက်တယ် ရတယ်ဗျ ကျေးဇူအထူးတင်တယ်ဗျာ

maimai said...

ဟိုင်းကိုကြီးရေ..
နှင်းကျတဲ့ပုံရပါတယ်..အလံရပါတယ်..တလှုပ်လှုပ်မဖြစ်ဘူးဖြစ်နေပါတယ်ခများ။
အခု..လိပ်ပြာပုံလေး မဖြစ်ဘူးဖြစ်နေပါတယ်။
ပြီးတော့..အပေါ်သို့ဆိုတဲ့ Icon လေး..ဘယ်နေရာသွားပြီး Upload လုပ်ရတာလဲ။
ပြီးတော့..အပေါ်သို့ဆိုတဲ့စာသားလေး ပြောင်းလို့မရဘူးဖြစ်နေပါတယ်ခများ။
ညွှန်ပြပေးပါအုံးလို့
လေးစားစွာဖြင့်
လမင်း

John Petar said...

အစ်ကို ကျေးဇူးတင်ပါတယ် အဆင်ပြေပါတယ်.....

{ အရာတော်မြေသို့ ရောက်ရှိလာသော သတ္တ၀ါ အပေါင်း ကျန်းမာ ချမ်းသာ ကြပါစေ } :P