.

{ထွန်းမင်း}: လိပ်စာရှေ့က အလံလေးလှုပ်နေတာလေး ထည့်ချင်လို့ ဖော်ပြပေးပါအုံး
ဟုတ်ကဲ့ ..... လေးစားရသော ကိုထွန်းမင်းခင်ဗျာ
ကျနော့ ဘလော့ address ရဲ့  ရှေ့ မှာ အလံလေးလှုပ်နေတာကို ပြောတာထင်တယ်..

"ဟုတ် "..... လုပ်နည်းလေးကတော့ မခဲယဉ်းပါဘူးခင်ဗျ ။
ကိုထွန်းမင်း နှင့်မသိသေးသော သူငယ်ချင်းများခင်ဗျ
မိမိဘလော့ adderss ရဲ့  ရှေ့မှာ icon ပုံလေးထည့် ချင်တယ်ဆိုရင်..........

1) Blog ကို sign in
2) Layout ကို click
3) Edit HTML ကို click
4)ထိုမှတဆင့် HTML ကုဒ်တွေထဲမှ <b:skin>ဆိုသောစာသားလေးကို လိုက်ရှာပါ..
<b:skin> ဆိုသောစာသားလေးကို တွေ့လျှင် ။ အဲ့ဒီစာသားရဲ့ အပေါ်မှာ
အောက်မှ ဖော်ပြထားသောcode လေးကို ထည့်ပေးလိုက်ပါခင်ဗျ ။

<link href='http://img207.imageshack.us/img207/2671/ayadaw.gif' rel='shortcut icon' type='image/x-icon'/>

ထည့်ပြီးရင်တော့ ထုံစံအတိုင်း save templat ပေါ့ဗျာ... ( ဒါပါပဲ )

ကျနော်အခုထည့်ပေးထားတဲ့ URL က မြန်မာအလံပုံလေးပါ ။ အလံပုံလေးမကြိုက်သေးဘူးဆိုရင်

{http://img207.imageshack.us/img207/2671/ayadaw.gif}
ဆိုသောနေရာမှာ ကြိုက်နှစ်သာရာပုံကို upload တင်ပြီး .. ရလာတဲ့ တိုက်ရိုက် URL ကို အစားသွင်းပေးလိုက်ပါ။
အားလုံးကို အဆင်ပြေပါစေလို့ ဆုတောင်းရင်း.....

8 comments:

ဂျေဂျူဝိုင် said...

ကြာတော့ ကျွန်တော့် ဘလော့လေးလည်း အရာတော်မြေ ဘလော့နဲ့ တူလာပြီ။ အဟဲ။ “ကျေးဇူးတွေ ဘယ်လို တင်ပြရမှန်းတောင် သိတော့ဘူး” ...

နောက် စိတ်ကူးပေါက်တာလေး မေးဦးမယ်ဗျ။

Khyl said...

ဒါလေးလဲ ဖတ်ပြီးပြီးချင်း တတ်လိုက်တယ်ရှင့်... အဲလောက်လွယ်မယ် မထင်ဘူး... တိုင်ကျူး..

နေမျိုး said...

အကို အရာတော် ရေ့ အကိုဂျေဂျူဝိုင် ပြောသလိုပဲ့
ကျနော့် ဘလော့ဂ် လေးလည်း အကို အရာတော်မြေနဲ့
တူတူလာပြီဗျ။ ဟီဟိ... ကျေးဇူး ကမ္ဘာ

maimai said...

ဟိုင်းအစ်ကိုကြီး
လိပ်စာရှေ့က မြန်မာအလံလှုပ်လှုပ်ပုံက အရမ်းကောင်းတယ်။ သို့ပေမဲ့..ကွန်တော်က အခုမှ ဘလော့လုပ်တာဆိုတော့..အစ်ကိုပြောတဲ့..
မြန်မာအလံနေရာမှာ ကိုယ်ကြိုက်နှစ်သက်ရာ ပုံကိုတင်ဖို့အတွက် Upload မလုပ်တတ်ဘူးခများ။ အစ်ကိုအတွက်အပန်းမကြီးရင် ကွန်တော့်ကို အသေးစိတ်ရှင်းပြပေးပါလား။
ဘယ်ကနေဘယ်လိုသွားတယ်ဆိုတာပေါ့။ လုပ်နည်းအဆင့်အဆင့်ပေါ့။ အပေါ်ကကူးထည့်တာတော့ရပြီး မြန်မာအလံနေရာမှာ ကိုယ်စိတ်ကြိုက်ပုံကို ပြောင်းဖို့ကျတော့မလုပ်တတ်တော့ဘူး။
လေးစားစွာဖြင့်
လမင်း

maimai said...

နောက်တစ်ခုမေးခြင်တာက..
Three Template အလကားဘယ်မှာရနိုင်မလဲခများ။
အဲဒါလေးလည်း..ကူညီပေးပါအုံးအစ်ကို
လေးစားစွာဖြင့်
လမင်း

maimai said...

အစ်ကိုခများ..
ကျွန်တော်က အခုမှ ဘလော့လုပ်စဆိုတော့ဘာမှ
မသိသေးဘူးခများ။ ကျေးဇူးပြုစွာဖြင့်
ကျွန်တော်ကို ဒါလေးတွေ ပြေပြပေးပါလားအစ်ကို။
၁၊ အရာတော်မြေ၌(၂)ယောက်ရှိနေပါသည်။
၂၊နာရီပုံတွေကိုဘယ်လိုယူရတာလဲ။
၃၊အစ်ကိုသုံးတဲ့မြန်မာအလံနေရာမှာ ကိုယ်စိတ်ကြိုက်ပုံလေးကို ဘယ်လို upload လုပ်ပြီး URL ရအောင်လုပ်သလဲခများ။
၎၊ အရာတော်မြေမှာ ပါတဲ့..နှင်းလေးတွေကျတာလေးတွေလဲ ရခြင်ပါတယ်အစ်ကို။

အစ်ကိုအားတဲ့အခါ ပြောပြပေးပါ။
အရာတော်မြေကို အမြဲတန်းဖတ်ပါတယ်..
တစ်ချို့ဟာလေးကျတော့..သိပ်နားမလည်ဘူး။

လေးစားစွာဖြင့်

maimai said...

သို့/
အရာတော်
Address ရှေ့က ပုံပြောင်းတာတော့ရပြီး
သို့ပေမဲ့..ပုံက အစ်ကိုသုံးတဲ့ မြန်မာအလံလို လှုပ်လှုပ် မလုပ်ဘူး။ ငြိမ်ပဲငြိမ်နေတယ်.အဲဒါလှုပ်အောင်ဘယ်လိုလုပ်ရမှာလဲခများ။
လေးစားစွာဖြင့်
လမင်း

ပန်းနှင်းဆီ(ကြယ်ကလေး) said...

ကျေးဇူးတင်ပါတယ်ရှင်...
လိုက်လုပ်တာရသွားပြီ...
နှင်းဆီလည်းခုမှစလုပ်တာဆိုတော့ အကို့လိုရှေ့ကလမ်းညွှန်ပေးမဲ့သူတွေရှိတာ အများကြီး နှင်းဆီတို့အတွက်အဆင်ပြေပါတယ်....
သူများ ကြိုးစားပြီးရှာထားတာကို နှင်းဆီတို့က အလွယ်တကူ ယူသုံးခွင့်ရလို့ အားနာနာနဲ့ပဲ ကျေးဇူးတွေအများကြီးတင်သွားပါတယ်ရှင်....
အမြဲကျန်းမာပျော်ရွှင်ပါစေနော်...

ကျေးဇူးတင်စွာဖြင့်

ပန်းနှင်းဆီ

{ အရာတော်မြေသို့ ရောက်ရှိလာသော သတ္တ၀ါ အပေါင်း ကျန်းမာ ချမ်းသာ ကြပါစေ } :P