.

Post တစ်ပုဒ်တင်ရင်း ...သူငယ်ချင်းတွေအားလုံးကို ကျနော့ ရဲ့  ပျက်ကွက်မှုအတွက်တောင်းပန်ပါတယ် ...
အခုလည်း သူငယ်ချင်း တစ်ယောက်က သူ့ရဲ့  ဘလော့မှာ header title ခေါင်းစီးစာတန်း က သူထည့်ထားတဲ့ ပုံနဲ့ မကိုက်လို့ အဲ့ဒီ ခေါင်းစီးစာတန်းကို ဖြုတ်ခိုင်းတဲ့
အတွက် မသိသေးတဲ့ သူငယ်ချင်းတွေအတွက်ပါ ပို့စ်တစ်ပုဒ်ဖြစ်အောင် ပြန်လည်မျှဝေပေးလိုက်ပါတယ် ...

ဒီနည်းလေးကို ကိုမနောသား ဆီက သိခဲ့ရတာပါ ...

ဆရာလုပ်ချင်တာက တစ်ပိုင်း (အဟီး) မရှိသေးတဲ့ နည်းပညာလေးကို နယ်မြေလေးထဲမှာ ရှိစေချင်တာက တစ်ပိုင်း (အဟဲ)..
မျှဝေလိုက်ပါတယ်ခင်ဗျာ .......

Header Title ဖြုတ်မယ်လို့ စိတ်ကူးရှိရင်တော့ ... ထုံးစံအတိုင်း

1) Blog ကို sign in

2) Layout ကို click
3) Edit HTML ကို click
4)ထိုမှတဆင့် HTML ကုဒ်တွေထဲမှ #header.description ( သို့ ) #header h1
(သို့) #headerimg ဆိုသောစာသားလေးကို လိုက်ရှာပါ..
5)တွေ့လျှင် အဲ့ဒီကုဒ် စာလေးရဲ့  အဆုံးမှာ display:none; ဆိုတာလေးကို ထပ်ထည့်ပေးလိုက်ပါ။
ပြီးရင်တော့ save template ပေါ့ဗျာ.. ဒါပါပဲ
ဥပမာ . အနေနဲ့ အောက်မှာ ပုံနှင့် တကွဖော်ပြထားပါတယ် ..


မသိသေးသူများ အဆင်ပြေကြပါစေဗျာ ...

2 comments:

may kyaw said...

မရှိသေးတဲ့ နည်းပညာလေးကို နယ်မြေလေးထဲမှာ ရှိစေချင်တာက တစ်ပိုင်း.... ဆိုတာလေးကို ဖတ်လိုက်ရတော့ ဘ၀တူလေးတွေဆိုပြီး ပြုံးမိသွားတယ်... :)

နေမင်းရာ said...

ညီလေးရေ ကိုယ့်ဆီမှာ ညီလေးပြထားတဲ့ စာလုံးလေးရှာမတွေ့ဘူးဖြစ်နေတယ်..... တစ်ခုခုများကိုယ်မှားနေလားမသိဘူး.......

{ အရာတော်မြေသို့ ရောက်ရှိလာသော သတ္တ၀ါ အပေါင်း ကျန်းမာ ချမ်းသာ ကြပါစေ } :P