.

း မောင် အိပ်ချင်ပြီလားဟင်?
မောင်း အင်း.. ဒီနေ့ ပင်ပန်းလာတယ်။
း ကောင်းပြီလေ.. ဒါဆို စောစောအိပ်နော် မ” မနှောင့်ယှက်တော့ဘူး။
မောင်း အင်း.. မ”လဲ စောစောအိပ်နော်
မောင်ပြောရင်း ဆိုရင်း ဖုန်းချလိုက်သည်။ ၅မိနစ်နေပြီးနောက် ဖုန်းမြည်လာသည်။ မောင် အိပ်ချင်မူးတူး အသံဖြင့် “ ဟလို”။ တစ်ဖက်က တုန့်ပြန်သံကို မကြားရ...

မောင်း ဘယ်သူလဲ?
း မ”ကို စိတ်ကုန်နေပြီလားဟင် ?
မောင်း အမ်.. ဘာပြောလိုက်တယ်?
း ..............
မောင်း ဘာဖြစ်တာလဲ မရယ် ?
း မ”ကို သိပ်ရှုပ်တာပဲလို့ မောင်ထင်နေပြီ မဟုတ်လား?
မောင်း မထင်ပါဘူး မရယ်။ ဘာဖြစ်လို့လဲ?
း ...................
မောင်း မ” စိတ်ထဲမှာ ဘာဖြစ်နေလဲ? မ” မပြောရင် မောင် ဘယ်သိမလဲ?
း စကားပြောရင်း ပြောရင်း မောင်ဘာဖြစ်လို့ သမ်းနေတာလဲ။ ပြီးတော့ ဘာဖြစ်လို့ အရင်အိပ်လိုက်တာလဲ?

မောင်း ဟင်.. မ” ပဲ မောင့်ကို စောစောအိပ်ဆို !
း မောင်ပဲ အိပ်ချင်ပြီဆို.. မ” ဘာလုပ်ရမလဲ ?
မောင်း မောင်နဲ့စကား ဆက်ပြောချင်သေးတယ်ဆိုရင် ပြောပေါ့ မ” ရယ်။ စောစောအိပ်ခိုင်းပြီး ခုတော့ စိတ်ကောက်နေပြီ !

း ဘယ်သူ စိတ်ကောက်နေလို့လဲ
မောင်း ဒါလား စိတ်မကောက်တဲ့ လေသံ.. အိုကေ.. အိုကေ နောက်ဆို မောင်မအိပ်တော့ဘူး။ ကောင်းပြီလား?

း အဓိပ္ပါယ်မရှိလိုက်တာ.. မောင်စိတ်လိုလက်ရနဲ့ ပြောတာပဲလိုချင်တယ်။ မ” စိတ်ကောက်မှာစိုးလို့ လိုက်လျှောတယ်ဆိုတာမျိုး မလိုချင်ဘူး..

နောက်ဆုံး မ”ကို နာရီဝက်ကြာ ချော့လိုက်ရသည်။ မအိပ်ခင် စိတ်ကတောက်ကဆတ် ဖြစ်ခဲ့ရသည့်အတွက် တော်ရုံနှင့် အိပ်မပျော်ပြန်။ အင်း.. ကံမကောင်းရင် မနက်လည်း ရှစ်ခေါက်ချိုး မျက်နှာကို မြင်ရဦးမယ်..
အဟီး ..... ပေါက်တကရ သူများထဲက ကေါ်ပီကူးပြီး တင်လိုက်တာ ( အဖြစ်လေးတိုက်ဆိုင်လို့)
အရာတော်သား

0 comments:

{ အရာတော်မြေသို့ ရောက်ရှိလာသော သတ္တ၀ါ အပေါင်း ကျန်းမာ ချမ်းသာ ကြပါစေ } :P