.

Task Manger ကို virus တွေကသာ disable ဖြစ်အောင်လုပ်လေ့ရှိပါတယ်။ virus မရှိတော့ ဘူးဆိုရင်တောင်မှ Tesk Manager က ပြန်မပေါ်တာရှိတတ်ပါတယ်။ အဓိကပြောချင်တာကတော့ Task Manager ပျောက်နေရင် ပြန်ဖွင့်လို့ရအောင်လုပ်ဖို့ပါ။
နှစ်နေရာလုပ်ရပါတယ်။ လုပ်ပြီဆိုရင်နည်းနည်း တော့မျက်စိရှုပ်တယ်။ tree တွေများနေလို့ပါ။ အရမ်းလည်းလွယ်ပါတယ်။ မသိရင်သာ ခက်နေတာပါ။



-Start >> Run ကိုဖွင့်ပါ။ (win+R)
-regedit လို့ရိုက်ထည့်ပြီး OK/ Enter လုပ်ပါ။ Registry Editor ပေါ်လာပါလိမ့်မယ်။
-ပေါ်လာတဲ့ Registry Editor မှာ အောက်ပါ tree တိုင်းသွားပါ။
HKEY_LOCAL_MACHINE\Software\ Microsoft\ Windows\ Current Version\ Policies\ System ထိ ရောက်အောင်အဆင့်ဆင့် ဖွင့်သွားပါ။ နောက်ဆုံးရောက်နေတယ့် System ကို select လုပ်လိုက်ပြီး ညာဘက်ခြမ်း က window ထဲမှာ disable TaskMgr (key) ကိုရှာပါ။ တွေ့ရင် right click လုပပြီး delete လုပ်လိုက်ပါ။
ဒုတိယလုပ်ရမှာက
HKEY_CURRENT_USER\ Software\ Microsoft\ Windiws\ Current Version\ Policies\ System ကိုသွားပါ။ အထက်ကအတိုင်း disable TaskMgr (key) ကိုရှာပြီး delete လုပ်လိုက်ပါ။ ပြီးရင် ကွန်ပျူတာကို restart လုပ်လိုက်ပါ။ Task Manager ကိုဖွင့်ကြည့်ပါ။ ကောင်းသွားပါလိမ့်မယ်။

0 comments:

{ အရာတော်မြေသို့ ရောက်ရှိလာသော သတ္တ၀ါ အပေါင်း ကျန်းမာ ချမ်းသာ ကြပါစေ } :P